ep-(2)

565 27 18
                                    

အတန်းအပြင်ဘက်တွင် မုန့်စားဆင်းချိန်ဖြစ်သောကြောင့်ကျောင်းသား ၊ ကျောင်းသူများ တဖွဲဖွဲဖြတ်သွားသကဲ့သို့အတန်းတွင်း၌လည်း မုန့်ဈေးတန်းသို့သွား၍ ပြင်ဆင်နေကြသည် ။ ဥစ္စာစောင့်ဘဝမှ လူဝင်စားလာသော မင်းဘုန်းမြတ်ပိုင် သည် သူဧ။် စာရေးကိရိယာများအားအထပ်ထပ်စစ်ဆေးနေသည် ။

" သူ့ပစ္စည်းတွေကျ ဖြစ်ပျက်နေလိုက်တာ..ကြည့်လို့ကိုမရဘူး.."

စစ်သည် သချာၤအချိန်ကတည်းက မကျေနပ်၍ ပေါက်ကွဲချင်သော်လည်း စာသင်ချိန်မို့ သည်းခံ၍ကျောင်းလွှတ် မှမင်းဘုန်းမြတ်ပိုင် နှင့် ရှင်းမည်ဟု တွေးထားသော်လည်း လက်တွေ့အားဖြင့် မင်းဘုန်းမြတ်ပိုင် ဧ။် မျက်နှာအား မြင်လေ ၊ မြင်လေ ဒေါသ အလိပ်လိုက်ထွက်လေ ထွက်လေမို့ပေါက်ကွဲခြင်းအစီအစဉ်အား နေ့လည် မုန့်စားဆင်းချိန်သို့ ပြောင်းလဲသတ်မှတ် လိုက်သည် ။

လက်ထဲမှ ထောက်ချွန်ထည့်သည့် သံကွန်ပါဘူးအားခပ်ကျစ်ကျစ် ဆုပ်ကိုင်ထားသည် ။ ဒေါသအရှိန်ကြောင့်သံကွန်ပါဘူးလေးခမျာ ချိုင့်လေမလားဟုပင် ထင်ရသည် ။
ဘာမှမသိရှာသော ထိုဥစ္စာစောင့် မင်းဘုန်းမြတ်ပိုင် မွာသူဧ။် ဘောလ်ပင် မ်ားအား စစ်ဆေးလျက်ရှိသည် ။

အတန်းတွင်း၌ လူများအတော်ကျဲပါးသွားသည် ။ အနောက်တန်းမှ သာလိကာမွ တအုပ်သာ ကျန်ခဲ့သည် ။၄င်းတို့အုပ်စုသည် မုန့်ဈေးတန်းသို့ မသွားသေးဘဲ တစ်နေရာတည်း၌ တစ်စုတစ်ဝေးရပ်ကာ စစ်တို့အား မသိမသာ အကဲခတ်နေသည် ။ သို့ရာတွင် ကိုယ့်ဒေါသနှင့်ကိုယ် လောင်နေသော စစ် တစ်ယောက် သတိမထားမိခဲ့ ။

"အော်..စစ်..မသွားသေးဘူးလား "

ပစ္စည်း စစ်ပြီးသော မင်းဘုန်းမြတ်ပိုင် သည် အနောက်သို့ လှည့်ကြည့်လိုက်သောအခါ သူ့အား စူးစူးရဲရဲကြီး စိုက်ကြည့်နေသော စစ် အား တွေ့လိုက်ရသည် ။သူဧ။် ဖြူဖွေးညီညာသော သွားတန်းကလေးများပေါ်သည် အထိ စစ်အား ပြုံးပြရင်း စကားစေသာအခါ သံကွန်ပါဘူးအား ကိုင်ထားသော စစ်ဧ။်လက်သည်အတန်ငယ် ပြေလျော့သွား
ရသည် ။

အနောက်တန်းရှိ မိန်းကလေးများသည် တိုးတိုးကြိတ်ကြိတ် စကားပြောရင်း စစ်တို့အား နာမည်ရ မော်ဒယ်များနှယ်
ကြည့်နေကြသည် ။

Tie Up ( Completed) Kde žijí příběhy. Začni objevovat