ep-(32)

166 7 14
                                    

မင်းဘုန်းမြတ်ပိုင် သည် အိမ်ဧ။် အပေါ်ထပ် နှင့်ခြံ အား လှည့်ပတ်ကြည့်ရင်း မိုးခနေစဉ် ဧ။်အမျိုးများနှင့် စကားပြောပြီးသောအခါ အခန်းတွင်းသို့ပြန်လာသည့်အခါ မြင်လိုက်ရသည့် မြင်ကွင်းကြောင့်မျက်လုံးပြူးသွားရသည် ။

စစ် သည် သူ့ခရီးဆောင်အိတ်ထဲမှ ပစ္စည်း အားလုံး ကိုနေရာတကျ ထား ပြီးဖြစ်သည် ။ မိုးခနေစဉ် ပေးထားသောနာရီ ကို စာကြည့်စားပွဲတွင် ထားထားသည် ။
မေဒါဒါဦး ဧ။် အလှပန်းအိုးကိုမူ ပြတင်းပေါက်ဘောင်ပေါ်တွင် ချထားသည် ။ စာအုပ်များ ၊စားစရာများကိုလည်း စားပွဲပေါ်၌ တင်ထားသည် ။
ပို၍ထူးဆန်းသည်မှာ သူ ပေးထားသော ဝက်ဝံရုပ်ကြီးသည်ကုတင်ပေါ်၌ နေရာယူထားခြင်းပင် ။ စစ်မှာမူအရုပ်ကြီးအား မှီ၍ အိပ်ပျော်နေသည် ။

"သူ ဒါကို ဘယ်လိုလုပ်ယူလာနိုင်တာလဲ..သူ့အိတ်ထဲဘယ်လို ထည့်လိုက်တာလဲ.."

မင်းဘုန်းမြတ်ပိုင် နှုတ်မှ ခပ်တိုးတိုး ပြောရင်း အိပ်နေသောစစ် ဧ။် မျက်နှာပေါ်တွင် ဝဲကျနေသော ဆံပင်များအားညင်သာစွာ သပ်တင်ပေးနေသည် ။ ခဏကြာသောအခါ
စစ် သည် လူးလွန့်လာ၍ နိုးလာတော့မည် 
် ဖြစ်သောကြောင့် လက်အား အမြန်ဖယ်လိုက်ရသည် ။

"ဟင်..ဘယ်နာရီထိုးပြီလဲ.."

ထင်ထားသည့် အတိုင်း စစ် သည် ငုတ်တုတ်ထ ထိုင်၍အိပ်မှုန်စုံဖွား ဖြစ်နေသော မျက်လုံးအား ပွတ်၍ပြောလိုက်သည် ။ မင်းဘုန်းမြတ်ပိုင် လည်းဘေးမှ နာရီအား လှည့်ကြည့်၍ ..

"၃နာရီထိုးတော့မယ်.."

"ေဩာ်.."

စစ် သည် ကုတင်ပေါ်မှ ဆင်း၍ စားပွဲပေါ်မှ ရေသန့်ဘူးအား ဖွင့်၍ သောက်လိုက်သည် ။ မင်းဘုန်းမြတ်ပိုင် သည်စစ် လုပ်သမျှ မမှိတ်မသုန်ကြည့်ရင်း..

"မင်း ဒါတွေကို ဘယ်လိုယူလာနိုင်တာလဲ..အိတ်ကကြီးပေမယ့် အရုပ်ကြီးကတော့ မဆ့ံဘူးမလား."

"လွယ်ပါတယ်..အနောက်က ဇစ်ကိုဖွင့် ၊ အထဲကဟာတွေခဏထုတ် ၊ ကြွတ်ကြွတ်အိတ်တစ်လုံးထဲ ခဏထည့်ပြီးမှ အရုပ်ကို လိပ်ပြီး အထဲထည့် ၊ အခု ဇစ်ပြန်ဖွင့်ပြီး
အထဲကဟာတွေ ပြန်ထည့်လိုက်တာ.."

Tie Up ( Completed) Where stories live. Discover now