ep-(51)

218 14 15
                                    

"မင်း ဒီလိုလုပ်လို့မရဘူး မိုးခ..အားလုံး ရှုပ်ကုန်လိမ့်မယ်.."

"ဖယ်..ကျွန်တော့်ကို မတားနဲ့.."

ဒီရေလှိုင်း သည် မိုးခနေစဉ် အပြင်ထွက်၍ မရစေရန်

မိုးခနေစဉ် ဧ။် အခန်းတံခါး အဝတွင် ပိတ်ရပ်ထားသည် ။

မိုးခနေစဉ် သည် တစ်မနက်အတွင်း ဒီလောက်

ကြောက်စရာ ကောင်းသည့် အကြံအစည်မျိုး

ထွက်လာလိမ့်မည် ဟု မထင်ထားခဲ့ ။ သူ သာ

မတားလျှင် မိုးခနေစဉ် အဖွား သွေးတက်မလား ၊

နှလုံးအောင့်မလား မသိ ။

"အစ်ကို လည်း ကျွန်တော့်ဘက်မှာ မရှိပါဘူး..မကူညီချင်နေပါ

မနှောင့်ယှက်ပါနဲ့.."

"မင်း အဖွားအတွက် မစဉ်းစားတော့ဘူးလား..တကယ်လို့

မင်းဘုန်းမြတ်ပိုင် ဘက်က ပြတ်သွားပါပြီ လို့ ပြောရင်

မင်း အဖွား သွေးတက်လိမ့်မယ် "

မိုးခနေစဉ် သည် သူ နှင့် မင်းဘုန်းမြတ်ပိုင် တွဲနေသည့်

အကြောင်း အား သူ့ မိသားစု အား ဖွင့်ပြောတော့မည်တဲ့ ။

ဒီရေလှိုင်း အား သက်သေလိုက်ပေးရန်

အကူအညီတောင်းလာသည် ။ သူ လူမိုက်အားပေး

မလုပ်နိုင် ။ မိုးခနေစဉ် ကိုလည်း လူမိုက်အဖြစ်မခံနိုင် ။

"မင်း ငါ့ကို အရင်တစ်ခါက ပြောဖူးတယ်လေ..

အချစ်ဦး နဲ့ လွဲလို့ အားမငယ်ပါနဲ့..ငါ့ကို တကယ်

နားလည်ပြီး ချစ်တဲ့လူပေါ်လာလိမ့်မယ်လို့

မင်း သိနေတာပဲ..မင်း ရော ဒီလို တွေးလို့မရဘူးလား.."

"အဲ့ဒါက.."

မိုးခနေစဉ် သည် အနည်းငယ် တွေဝေသွားဟန်ရှိသည် ။

ဒီရေလှိုင်း လည်း ကျေနပ်သွား၍ မိုးခနေစဉ် အား

ထပ် တရားချရသည် ။

"ဒီ ကမ်ဘာမှာ လူ ဆိုလို့ မင်းဘုန်းမြတ်ပိုင် တစ်ယောက်တည်း

Tie Up ( Completed) Where stories live. Discover now