Ep-(7)

51 8 0
                                    

"​​ဩော်..ကျောင်းဆင်းခါနီး နင်တို့ကို သေချာမှာရဦးမယ်..မနက်ဖြန်ကျရင် စာမသင်ဘူးဆိုပြီး လွယ်အိတ်တွေ ထားခဲ့တာမျိုး မလုပ်နဲ့..စာမေးမယ်..နောက်မှ တလွဲတွေလုပ်ပြီး သားတို့သမီးတို့ စာမသင်ဘူးထင်လို့
လွယ်အိတ်မယူလာဘူး ဆိုတာမျိုးမလုပ်နဲ့..ထပ်ပြောမယ်..လွယ်အိတ်ယူလာခဲ့ပါ..စာမသင်ပေမဲ့ စာမေးမယ်..
ပြီးတော့ မနက်ဖြန် ပွဲအတွက် ဝေယျာဝစ္စ လုပ်ရမှာမို့အပျင်းတစ်ပြီး မလာမျိုးမလုပ်နဲ့..တကယ်နေမကောင်းရင် မိဘက ခွင့်တိုင်.. "

မနက်ဖြန် ဝါဆိုသင်္ကန်းကပ်ပွဲမတိုင်ခင် ဝေယျာဝစ္စ လုပ်ရမည့်နေ့ ။ ဘုန်းကြီးလည်းပင့်မည် ၊ ဧည့်သည်များလည်း ဖိတ်မည် ဟုဆိုသဖြင့် စစ် တို့ အလုပ်များကြရပြန်သည် ။ တစ်ကျောင်းလုံး သပ်ရပ်နေဖို့က
နံပါတ် (၁) ဖြစ်လောက်သည် ။ အတန်းပိုင်ဆရာမသည်စစ် တို့အား ဝေယျာဝစ္စ မလုပ်ချင်၍ ကျောင်းပြေးမည်စိုး၍ ယခုကတည်း အတန်တန်မှာနေသည် ။

စစ်တို့သည် ကျောင်းသား မ်ားလား ၊ အခမဲ့သန့်ရှင်းရေးလုပ်သားများလား ဟု ဆရာမအား မေးချင်သော်လည်း မေးခွင့်မရှိ ။ သို့ရာတွင် အတန်းတိုင်းရှိ အတန်းပိုင်ဆရာမတိုင်းသည် ထိုကိစ္စနှင့် ပတ်သတ်၍ ယုတ္တိရှိစွာ ရှင်းပြလိမ့်မည် ။ ယခုလည်း ရှင်းပြရန် ဟန်ပြင်နေသည် ။

ကျောင်းသားများ အတန်းပြင်သို့ အတင်းထွက်ပြေးမည် ကြောက်၍ ထင်သည် ။ ဆရာမသည် အခန်းပေါက်ဝတွင် ပိတ်ရပ်ထားသည် ။ စစ်တို့သည် ဆရာမ ရှိရာ သို့ မျက်နှာမူထားရသည် ။ အခြားအတန်းများတွင်လည်းသူတို့ဆရာမများမှ အာလူးဖုတ်နေဟန်တူသည် ။မည်သူကိုမျှ အပြင်တွင် မတွေ့ရ ။ ကော်ရစ်တာမှ ဖြတ်ပျံသွားသော ငှက်တစ်ကောင်မှ လြဲ၍ ပေါ့ ။

" မင်းတို့ကိုချည်း ဒါတွေ ခိုင်းနေလို့..စိတ်ပျက်ကြလား.."

"မပျက်ပါဘူး.."

(စိတ်မပျက်ဘူး... ဝမ်းသာတာ..ဝမ်းသာတာ..။ ဝမ်းသာလွန်းလို့ ဆရာမကိုတောင် တွန်းတိုက်ပြီး အပြင်ကို ခုန်ထွက်ချင်တယ်...။)

ပါးစပ်မှ အပြုံးမပျက်ဖြေလိုက်သော်လည်း စိတ်ထဲတွင်မူ ခပ်ရွဲ့ရွဲ့တွေးလိုက်သည် ။ စိတ် လည်း ခဏခဏ ရွဲ့ရလွန်း၍အကြောဆွဲဖို့သာ ကျန်တော့သည် ။

Tie Up ( Completed) Where stories live. Discover now