extra

311 12 0
                                    

မေး - မင်းဘုန်းမြတ်ပိုင် အနေနဲ့...
ညနေစောင်းမှာ ဘေးက ချစ်သူ မျက်နှာလေးကို ငေးကြည့်ရင်း ကားမောင်းရတာ ကြည်နူးစရာ အရသာ တစ်ခုပါ..။ ဒါပေမယ့် ? ?

ညနေစောင်းမကလို့ ညတောင်ရောက်တော့မည် ။အတန်းက ၇နာရီခွဲမှာပြီးသော်လည်း ဗိုက်ဆာလို့ ကြက်ကြော်ဝင်စားတာနှင့် ၊ကားဆီကုန်ခါနီး၍ ဝင်ဖြည့်တာနှင့် ၊ အအေးဆင်းဝယ်တာနှင့် တကယ်တမ်း သွားတော့လည်း 
သွားနေကျလမ်းက လမ်းပြင်နေလို့ တခြားလမ်းမှသွားတာနှင့် ၈နာရီ ကျော်သွားသည် ။

"အိမ်ကို ကိုယ်ဖုန်းဆက်ထားတယ်.."

စစ် အတန်းပြီးသော်လည်း သူက မအား ။ သူ အားသည့်အချိန်ကျ စစ်က အတန်းမပြီးသေးနှင့် အခု နှစ်ယောက်အတူအိမ်ပြန်နို်င်သည့်
အချိန်ကျလည်း လူငယ်ပီပီ ခြေကရှည်ရှည် နှင့်ဟိုဝင်ဒီထွက် လုပ်ရသေးသည် ။

"အမေ့ကိုလား..မေမေ့ကိုလား "

မင်းဘုန်းမြတ်ပိုင် က စစ် အမေကို ရော ၊ ကိုယ့်အမေ ကိုယ်ရောအမေ ဟု ခေါ်သည် ။ သို့သော် မွေးရကျိုးနပ်သည့် သားလိမ္မာလေး စစ်က ဝမ်းနှင့်လွယ်မွေးထားသော အမေအရင်းခေါက်ခေါက်ကြီး အား အမေ ဟုခေါ်၍
ယောက္ခမဖြစ်သူအား မေမေ ဟု ခွဲခြားခွဲခြား ခေါ်သည် ။ 

"နှစ်ယောက်လုံးကိုပေါ့..စိတ်ပူနေမှာစိုးလို့လေ.."

"အင်းပေါ့..ဒီနေ့မှ လမ်းကပြင်နေသေးတယ်.."

အိမ်မှာ ထမင်းစားလို့ရရဲ့သားနှင့် ကြက်ကြော်ဝင်စားသည့်ကိုယ့်ကိုကိုယ်ရော ၊ ကားဆီဝင်ဖြည့်သော သူ့ကိုရော အပြစ်မတင်ဘဲ ကိုယ့်ဟာကိုယ် အေးဆေးလမ်းပြင်နေသည့်
လူတွေကို ထ အပြစ်တင်နေသော စစ် ကြောင့်သူ မပြုံးဘဲ မနေနိုင် ။ သူ ပြောပုံအရဆိုရင် လမ်းလုပ်သားတွေကပဲ
မနေ့ကတည်းက (ဒါမှမဟုတ် ) မနက်ဖြန်မှ လမ်းပြင်သင့်သလိုလို ။

"စစ် ပင်ပန်းနေရင် ထိုင်ခုံနောက်မှီပြီး အိပ်လို့ရတယ်.."

"မအိပ်ပါဘူး..စစ် အိပ်သွားရင် ပိုင် တစ်ယောက်တည်းပျင်းနေမှာပေါ့..ပြီးတော့ မနေ့က စစ် ကြားဖူးတဲ့ အဖြစ်အပျက်က
ကြောက်စရာကြီး "

Tie Up ( Completed) Where stories live. Discover now