ep-(9)

165 12 12
                                    

"Dim...Dim..."

ဘေးမှ မြည်လာသော နှိုးစက်သံကြောင့် စစ် မျက်စိပင် မဖွင့်နိုင်ဘဲ ထ ထိုင်မိသည် ။ ထို့နောက် အသံလာရာသို့လက်ဖြင့်စမ်းကာ နှိုးစက်အား လိုက်ရှာလိုက်သည် ။သို့ရာတွင် အနှီ နှိုးစက်သည် အော်၍ ပြေးနေသလားမသိ ။တော်တော် နှင့် ရှာမတွေ့ ။

စစ်လည်း နှိုးစက်ရှာဖွေခြင်းအား လက်လျော့ကာဘေးရှိ ဖက်လုံးဖြင့် နားအားပိတ်၍ ပြန်အိပ်လိုက်သည် ။တဒင်ဒင် အော်နေသော နှိုးစက်ဧ။် အသံအား မကြားရတော့။

"ဟဲ့ကောင်လေး..စစ်လကျ်ာ..နှိုးစက်မြည်နေတာတောင် ပြန်အိပ်နေသေးတယ်..အအိပ်ကြီးလှချည်လား.. ထ ထ"

"အင်း...."

နားမခံသာအောင် မြည်နေသော နှိုးစက်သံကြောင့် စစ်ဧ။် အမေသည် အိမ်အောက်ထပ်မှ ပြေးတက်လာသည် ။ထို့နောက် စစ် ဧ။် အခန်းတွင်းသို့ ဝင်လာ၍နှိုးစက်အား ပိတ်ရသည် ။ ထို့နောက် ဖက်လုံးကြီးနှင့် နားပိတ်၍ အိပ်နေသော စစ်ထံမှ ဖက်လုံးအား ဆွဲခွာလျက်လူကို လှုပ်နိုးရသည် ။ သို့ရာတွင် နှိုးစက်အော်တာတောင် မနိုးသော စစ်သည် သံရှည်ဆွဲကာ တစ်ဖက်သို့လှည့်သွားသည် ။

"ဟဲ့..စစ်လကျ်ာ..ထတော့..ကြည့်စမ်း..မထဘူးပေါ့..နင့်အဖေတောင် ရေမိုးချိုးနေပြီ..အမလေး တစ်ရက်လေး ကျက်ဖို့ စာမပါလိ့ု မနိုးတာကိုပဲ ကုလားသေ ကုလားမော
အိပ်နေလိုက်တာ..ထ..ထ"

"အင်..မေမေကလည်း..သား ထလို့မရဘူး.."

ယနေ့ကျောင်းကား အကြိုအပို့မရှိ သောကြောင့် အိမ်က မိဘများသာ လိုက်ပို့ရသည် ။ ပြီးတော့ စာမသင်ဘဲ နေ့တစ်ဝက်သာ နေရလိမ့်မည် ။

~~ ဖုန်း...ဖုန်း.~~

စစ်ဧ။် အမေသည် စစ်ဧ။် တင်ပါးအား သုံးလေးချက်ခန့်ခပ်ဆတ်ဆတ်လေး ရိုက်ပေးလိုက်သည် ။ ထိုအခါမှအိပ်ချင်မူးတူး နှင့် ထ ထိုင်ဖော်ရတော့သည် ။

"နာတယ်ဗျ.."

"နာပစေ..နင်ကသာ အီလေးဆွဲနေတာ မင်းဘုန်းတို့ဆို  ကျောင်းတောင်ရောက်နေလောက်ပြီ...နင် သွားတိုက်၊ မျက်နှာသစ် ၊ ရေမိုးချိုးထား...ငါ ဒီမှာ မနက်စာပြင်ရဦးမယ်.."

Tie Up ( Completed) Where stories live. Discover now