ep-(40)

264 14 24
                                    

"မိုးခနေစဉ်... "

"ဟင်..."

မိုးခနေစဉ် သည် မုန့်ဝယ်နေသော မင်းဘုန်းမြတ်ပိုင် အားမုန့်ဈေးတန်းပေါက်ဝ တွင် ရပ်စောင့်နေစဉ်သူဧ။် အရှေ့တည့်တည့်တွင် လာ ရပ်၍ သူ့နာမည် အားခေါ်လိုက်သော မေဒါဒါဦး အား လှည့်ကြည့်မိသည် ။ခါတိုင်းဆို ပြုံးရွှင်တက်ကြွနေသော မေဒါဒါဦး သည် ယခုမူ သူ့အား အေးစက်စက် မျက်ဝန်းများဖြင့် ကြည့်နေသည် ။ 

"မုန့်လာဝယ်တာလား..."

မေဒါဒါဦး ဧ။် မျက်နှာထား နှင့် လေသံ သည် 
အသက်မပါ သည့်အလား အေးစက်နေသည် ။ မုန့်ဈေးတန်းလာသည့် လူအား 'မုန့်လာဝယ်တာလား..'ဟု မေးခြင်းသည် စကားမရှိ ၊ စကားရှာ ပြောမှန်းမိုးခနေစဉ် သိသည် ။ သို့သော် တစ်တန်းတည်းဖြစ်၍ မေဒါဒါဦး အား ပြုံးပြကာ..

"အင်း..ဟုတ်တယ် သူ က ဝယ်နေတုန်းမို့

စောင့်နေတာ.."

မေဒါဒါဦး သည် မိုးခနေစဉ် ဧ။် ဘာမုန့်မျှမရှိသောလက်နှစ်ဖက်အား ဝေ့ကြည့်လိုက်သဖြင့် မိုးခနေစဉ် ပင် ကြောင်သွား၍ ကိုယ့်လက်ကိုယ်ပြန် ငုံ့ကြည့်မိသည် ။ မေဒါဒါဦး သည် မိုးခနေစဉ် အားစိတ်ပျက်သော မျက်လုံး များဖြင့် ကြည့်နေကြောင်းခံစားမိသည် ။

"နင့်အတွက်ပါ ဝယ်နေတာလား...ကြာမှာလား "

"ဟုတ်တယ်..နည်းနည်းကြာမယ်ထင်တယ်.."

"အတော်ဖြစ်သွားတာပေါ့..ငါလည်း နင့်ကို
ပုံပြင်တစ်ပုဒ် ပြောပြစရာရှိလို့..."

မေဒါဒါဦး ဧ။် စကားကြောင့် မိုးခနေစဉ် ဧ။်
မျက်ခုံးများသည် အနည်းငယ် တွန့်ချိုးသွားသည် ။မေဒါဒါဦး သည် စကားစလိုဟန်ဖြင့် သူမဧ။်လက်ထဲမှ အအေး အား မော့သောက်လိုက်၍ခပ်လှမ်းလှမ်းရှိ ကံ့ကော်ရိပ်အဆောင် အား ငေးကြည့်နေသည် ။ မိုးခနေစဉ် သည် မေဒါဒါဦး ကြည့်နေသော နေရာအား ကြောင်တောင်တောင် နှင့်
လိုက်ကြည့်နေသည် ။

"လွန်ခဲ့တဲ့ ၅နှစ်ကစပြီး လွန်ခဲ့တဲ့ ၁နှစ်ခွဲလောက်အထိဒီ​ကျောင်းက အရမ်းပျော်ဖို့ကောင်းခဲ့တယ်..အင်း...
တိတိကျကျပြောရရင်တော့ လွန်ခဲ့တဲ့ ၃လလောက်ထိပျော်စရာတွေ ကျန်ပါသေးတယ်.. "

Tie Up ( Completed) Where stories live. Discover now