Ep-(30)

56 8 0
                                    

"ဒါဆို မင်းနဲ့သူကနဲ့က ဟိုလိုမဟုတ်ဘူးပေါ့နော်.."

"တောင်းဆိုး၊ပလုံးဆိုးပစ်ရိုး ထုံးစံ ရှိပေမဲ့ သားဆိုး ၊ သမီးဆို့းပစ် ရိုးထုံးစံမရှိ " ဆိုသည့်အတိုင်း မိဘများကလည်းစိတ်ဆိုးပြေသွားကြ၍ စစ် အား သင်တန်းပြန်ပို့ကြသည် ။
စစ် လည်း ဒီနေ့မှ ကိုယ့်စိတ်ကိုယ် နိုင်အောင် ထိန်းရင်းသင်းတန်းသို့ရောက်သောအခါ မိုးခနေစဉ် ကဆီးကြို၍ အဖြစ်မှန်အား ရှင်းပြသဖြင့် စစ်ခမျာကိုယ့်ကိုကိုယ် အပြစ်တင်နေမိသည် ။

"မဟုတ်ပါဘူးဆိုမှ..ဘာလို့ ခဏခဏ လာမေးနေတာလဲ."

မိုးခနေစဉ် သည် ရှက်နေဟန် ဖြင့် မျက်နှာနီရဲကာစစ် အား ခပ်ငေါက်ငေါက် ပြောလိုက်သည် ။ စစ် လည်းအနည်းငယ် စိတ်အေးသွားသော်လည်း တစ်ခုခုအားဘဝင်မကျသကဲ့သို့ ဖြစ်နေသည် ။

"မင်းလည်း တပတ်တိတိ ပျောက်သွားလိုက်တာ..အခုမှပြန်ပေါ်လာတော့တယ်..နောက်သုံးရက်ပဲ သင်္ကြန်ပိတ်ရက် ရောက်တော့မယ် "

"ငါလည်း ဆရာကြီးကို ကြောက်လို့ပေါ့..
မရောက်သေးဘူးလား.."

စစ် သည် ရေကူးကန် အပြင်ဘက်အား မျှော်ကြည့်ရင်းမေးလိုက်သောအခါ မိုးခနေစဉ် သည် ခေါင်းခါပြရင်း
ရယ်ကျဲကျဲဖြင့်..

"ကြောက်ပေလို့သာပဲ..မင်းက ဇွတ် ထွက်ပြေးသွားတာကို..ဘာလို့ အဲ့လောက်ထိ ဖြစ်သွားတာလဲ..."

"မင်းတို့ကရော အထဲမှာ ဘာလုပ်နေတာလဲ "

စစ် သည် ထို အကြောင်းအား ဆက်မပြောလိုတော့သဖြင့်မိုးခနေစဉ် အား စနောက်ဟန်ဖြင့် ပြောလိုက်သည် ။စစ် ဧ။် စကားကြောင့် မိုးခနေစဉ် သည် မျက်နှာနီသွား၍
ခေါင်းငုံ့သွား၍ မကျေနပ်ဟန်ဖြင့် နှုတ်ခမ်းဆူ၍ပြောသည် ။ 

"ငါ ခုနက ရှင်းပြ ပြီးပြီကို..မင်းကလည်း ဒါကြီးပဲလာလာမေးနေတယ်..CCTVတစ်လုံး တပ်ထားဖို့ ကောင်းတယ်.." 

မိုးခနေစဉ် သည် ရှက်၍လား မသိ ။ စစ် ဧ။် အနားမှထွက်ခွာသွား၍ သူ့ဟာသူ လမ်းလျှောက်သလိုလို ၊အကြောလျော့သလိုလို လုပ်နေသည် ။ စစ် လည်း
လူရှင်းသည့်နေရာ၌ ဟိုလျှောက် ၊ သည်လျှောက် လုပ်နေသည် ။ အခြားကျောင်းသားများသည်စစ် အား သင်တန်းမှလစ်ပြေးသူ အဖြစ် ပြောဆိုနေကြသည် ။ ပုံမှန်ဆို ရန်လုပ်ပစ်မည် ဖြစ်သော်လည်း
ယခု မိဘများပင် စိတ်ဆိုးပြေ စ သာ ရှိသေး၍သည်းခံပြီးရင်း သည်းခံနေရသည် ။

Tie Up ( Completed) Where stories live. Discover now