ep-(14)

180 11 12
                                    

"စစ်လကျ်ာ..လိုက်မယ်ဆိုရင်လည်း ကောင်းကောင်းနေ..ပြသနာမရှာနဲ့..ငါ ပိုက်ဆံ ပေးလိုက်မယ်.."

City Mark လေး ခဏလိုက်မည် ကိုပင် ပြောမဆုံးဖြစ်နေသော အမေကြောင့် စစ် တော်တော် စိတ်လေသွားသည် ။
မင်းဘုန်းမြတ်ပိုင် က မရမက ခေါ်သည်မှာ တကြောင်း ၊အိမ်မှာ ပျင်းနေသည် တကြောင်း လိုက်လာမိသည် ။

ကားပေါ်တက်ခါနီးတွင် အမေ သည် စစ် အား
စတင် မှာတမ်းခြွေသည် ။

"ဘယ်တုန်းက ရှာဖူးလို့လဲ..လူရှေ့သူရှေ့မှာ မဟုတ်တာတွေ "

"အော်အေး..ငါက မဟုတ်တာ ပြောတယ်ပဲ ရှိရသေး..ငါ နင့်အမေပါ.."

စစ် အမေပြောသည်ကို ဆက်နားမထောင်တော့ဘဲ ဘေးတွင် ရပ်နေသော မင်းဘုန်းမြတ်ပိုင် အား အတင်းတွန်းကာကား အတွင်းသို့ တက်ရန် ပြင်သည် ။

"မင်းဘုန်းရယ်..သား သူ့ကို ထိန်းနော်..အန်တီလည်း ခဏခဏ မှာနေရတာ အားနာတယ်.."

"ရပါတယ်..သူက သားနဲ့ဆို အပိုးကျိုးပြီးသားပါ.."

"ဟုတ်ပါတယ်.. မင်းဘုန်းပဲ နိုင်ပါတယ်.."

ကား မှန်ဖွင့်ထားသဖြင့် မင်းဘုန်းမြတ်ပိုင် နှင့် အမေ စကား ပြောနေသည်ကို စစ် အတိုင်းသား ကြားနေရသည် မင်းဘုန်းမြတ်ပိုင် ပြန်ဖြေလိုက်သော အဖြေကို ကြားသည်နှင့်နှုတ်ခမ်းအား ဘယ်ဘက်သို့ မဲ့ပစ်လိုက်သည် ။

ထို့နောက် တမင် ရင်ဘတ်အား နာနာထုလိုက်သည် ။

"စစ်လကျာ်..မင်းဘုန်း စကားနားထောင်နော် "

"သူ့စကားနားထောင်မယ့်အစား ကိုယ့်ဟာကိုယ်လိလိမ္မာမ္မာ နေပစ်လိုက်မယ်.."

မင်းဘုန်းမြတ်ပိုင် စစ်ဘေးနားတွင် ဝင်ထိုင်ပြီး၍ ကားထွက်ခါနီးတွင် အမေလှမ်းပြောသော စကားအားကားထဲမှ နေ၍ လှမ်းအော်လိုက်သည် ။ မင်းဘုန်းမြတ်ပိုင် ဧ။်
အမေမှာ အကြောင်းသိပြီးဖြစ်၍ ရယ်လျက်သာ..။

"ဒါဆို ငါ့ စကားပဲနားထောင်တော့..မင်းအသိစိတ်ဓာတ်နဲ့ မင်း လိမ္မာတယ်ဆိုတာ ဘယ်တော့မှရှိလာမဟုတ်ဘူး.."

"ငါဟာငါ ရှိရှိမရှိရှိ မင်းစကားနားထောင်တာကလွဲလို့ကျန်တာ အကုန်လုပ်မယ်..မင်းက တကယ်လို့ ငါ့ကိုမီးထဲ ခုန်မဆင်းနဲ့လို့ တားရင်တောင် ငါက ခုန်ချပစ်မှာ.."

Tie Up ( Completed) Where stories live. Discover now