ep-(13)

183 12 23
                                    

"တစ်ယောက်တည်း နေလို့ရရဲ့လား.."

ဆရာမ သည် စာသင်ပြီးသောအခါ အိမ်မပြန်သေးဘဲမိနစ် နှစ်ဆယ် ခန့် သင်ခန်းစာများအား ပြန်နွေးပေးသည် ။သို့ရာတွင် အမေ သည် ယခုထိ ပြန်မရောက်သေးသဖြင့်ဆရာမ လည်း ပြန်ချင်နေဟန်တူသည် ။ စစ်လည်း စာမသင်ချင်တော့ သောကြောင့် 

"ရပါတယ်.."

"ဒါဆို ဆရာမ ပြန်တော့မယ်နော်.."

"ဟုတ်ကဲ့..ရပါတယ်.."

"အိမ်တံခါး စေ့ထားနော်.."

ဆရာမ သည် စိတ်မချဟန်နှင့် ခြံပေါက်ဝမှာ လှည့်ကာပြောလိုက်သည် ။ စစ် လည်း ဟုတ် တစ်လုံးတည်းပြန်ပြောကာ ဖုန်းပြေးကိုင်နေသည် ။

"ဟုတ်.."

ဆရာမ ပြန်သွားတော့မှပင် အိမ်က ပို၍ တိတ်ဆိတ်လာသည် ။ဆရာမလာတုန်းက မီးဖွင့်ထား၍ အရမ်းတော့ မမှောင်သေး ။မမှောင်သေးသဖြင့် ကြောက်စိတ်လည်း သိပ်မရှိတော့ ။

ဖုန်းဖွင့်လိုက်သောအခါ အဖေ နှင့် ​အမေ့ဆီမှ missed call များ အား တွေ့ရသည် ။ စစ် လည်း အမေ့ထံသို့ ဖုန်းပြန်
ခေါ်လိုက်သည် ။

'ဟယ်လို..သား စာသင်ပြီးပလား'

'ခုနလေးတင် ပြီးသွားတယ်..အမေ ဘာလို့ ဖုန်းတွေအများကြီးဆက်ထားတာလဲ..အဖေရောပဲ..သားက ဖုန်းစက်ပိတ်ထားလိုက်တာ..'

'အော်အေး..အမေက ဒီနေ့ တော်တော်နောက်ကျမှာ..နာရေးရှင်ကို နှစ်သိမ့်ပေးနေရတယ်လေ..သူ့မှာလည်းအားငယ်နေရှာတာ..'

ဆရာမ ဖွင့်ထားခဲ့သော မီး အလင်းရောင် အားကိုးကြောင့်စစ် မှာ အမေဧ။် စကားအား ကြောက်လန့်တကြား မတုန့်ပြန်ဘဲ ခုံပေါ်တွင် သက်တောင့်သက်သာ ကျောမှီထားကာ
အမေဧ။် စကားများအား ဆက်နားထောင်နေသည် ။

'သားအဖေကတော့ သိတဲ့အတိုင်း အမေ့ထက်တောင်နောက်ကျဦးမယ်..အဲ့ဒါ သား နေလို့ဖြစ်ရဲ့လား..မဖြစ်ရင်..'

'ဖြစ်ပါတယ်.. ဒီလောက်လေးကတော့..'

အမ​ေ ဧ။် စကားအား ဆုံးအောင်ပင် နားမထောင်တော့ဘဲဝင့်ကြွားသော လေသံနှင့် ဖြတ်ပြောလိုက်သည် ။ထိုအခါ အမေသည် စိတ်ချသွားသော လေသံဖြင့်..

Tie Up ( Completed) Where stories live. Discover now