Ep-(52.1)

49 4 0
                                    

"အောင်စာရင်း ကြည့်မယ့် လူကလည်း အခုထိကို

မထနိုင်သေးဘူး...လက်ျာ ရေ ထ တော့ဟဲ့.."

ည က အိပ်မရလို့ ဟူသည့် အကြောင်းပြချက်ဖြင့်

မနက် နေဖင်ထိုးသည်အထိ မထသေးသော သား ဖြစ်သူ အား

ဆော်သြနေရသည် ။ တခြားနေ့တွေ မပြောပလောက်သော်လည်း

အောင်စာရင်း ထွက်သည့်နေ့မှာမှ ကုလားသေ ၊

ကုလားမော အိပ်နေတော့ စိတ်တိုသည် ။ အထဲမှ

lock ချထားသော အခန်းတံခါး အား တဒုန်းဒုန်း ထု သည်အထိ

အထဲက တုန့်ပြန်သံမကြား ။

"ဟဲ့..လက်ျာ...ထ တော့ဟဲ့.."

အသံပါဝါ အနည်းငယ်မြှင့်လိုက်မှ အခန်းတံခါး ပွင့်လာ၍

မျက်လုံး မဖွင့်သေးဘဲ ထွက်လာသော စစ် ။

"အမေတို့ကလည်း..ဘာလို့ လာနှိုးနေတာလဲ..ညက

အိပ်မရဘူးဗျ.."

"ဒီနေ့ ဘာနေ့လဲ..နင် သိလား.."

"သောကြာနေ့ ထင်တယ်..."

မျက်လုံး မပွင့်တပွင့် နှင့် ဝူးတူးဝါးတား လေသံဖြင့်

ပြောလိုက်သော အဖြေက ရင်ဝ ဆောင့်ကန်လိုက်သည့်

အလား ။ လက်မောင်း အား နှစ်ချက်လောက်

အားပြင်းပြင်း ဆင့်ရိုက်ချလိုက်မှ ပြုးတူးပြဲတဲ ဖြင့်

မျက်လုံး နှစ်ဖက် အား နာနာပွတ်၍..

"အောင်စာရင်း..အမေ သား ရေချိုးလိုက်ဦးမယ်.."

"အခုမှ ချိုးမနေနဲ့.."

"ပူတယ်.."

ဘယ် အရွယ်ရောက်ရောက် ထော်လော်ကန့်လန့်

လုပ်တတ်သော သားဖြစ်သူ အား ကြည့်၍

သူမ သက်ပြင်းချမိသည် ။

______________♥♥♥♥______________

"အမေရေ..သား အင်္ကျီအဖြူရော ၊ အမေပဲ ခေါက်ထားတယ်ဆို..

ရပြီ..တွေ့ပြီ...ငါးမိနစ်နေရင် ဆင်းလာခဲ့မယ်..ခဏနော်..

ခဏလေး.."

အောက်ထပ်ရှိ အမေက ဘာမှမပြော ။ စစ်

တစ်ယောက်တည်း သာ အခန်းထဲ၌ ပတ်ပြေးနေခြင်းဖြစ်သည် ။

Tie Up ( Completed) Where stories live. Discover now