ep-(28)

140 9 18
                                    

နွေရာသီ ကျောင်းလုံးလုံးပိတ်ကတည်းက အမေဧ။် စာလုပ်ရန် ဆူပူသံတွေအား မကြားရတော့ ။ မနက်ဆိုလျှင်နေဖင်ထိုး၍ ပါးစပ်ထဲမှ ပြန်ထွက်မှ ထ လည်း ကိစ္စမရှိ ။
တနေ့ခင်းလုံး ဂိမ်းဆော့နေလည်း မငေါက် ။ တညနေလုံးအိပ်ပျော်နေလည်း မရိုက် ။ တညလုံး မအိပ်ဘဲ ရုပ်ရှင်ကြည့်လည်း အိုကေသည် ။

စစ်အဖေ အလုပ်ပိတ်သည့် စနေ ၊ တနင်္ဂနွေ မှအပ နှစ်ပတ်နီးပါး စစ် ဒီမိုကရေစီ ရ နေသည် ။မင်းဘုန်းမြတ်ပိုင် နှင့်တော့ စာမေးပွဲနောက်ဆုံးနေ့ ၊အမျိုးအိမ်သွားပြီးကတည်းက မတွေ့ဖြစ်တော့ ။ အပြန်လမ်းတွင် သေချာပေါက် ကိုယ့်ကိုကိုယ် သတိထား၍
စကားကြီးစကားကျယ်တွေ ပြောထားသည့် ကြားက မင်းဘုန်းမြတ်ပိုင် အား မှီ၍အိပ်ပျော်သွားပြန်သည် ။ စစ်မှာ သိသိချင်း မျက်နှာ
ဘယ်နားထားရမှန်းမသိ၍ လွယ်အိတ်ဖြင့် ကာ ထားရသည် ။

ယနေ့တော့ စစ် သိပ် လွတ်လပ်ပေါ့ပါးနေ၍ မရ ။ စနေနေ့မဟုတ်လား ။ စစ် ဧ။် အဖေသည် ဧည့်ခန်၌ ထိုင်၍သတင်းစားဖတ်နေရာမှ စစ် အား ရုတ်တရက်ကြီး ခေါ်သည် ။ စစ် လည်း ဂိမ်းမဆော့ရဲသဖြင့် အဘိဓာန်
စာအုပ်ကြီး ကိုင်၍ အိမ်တပတ်ပတ်နေရာမှ 
ခေါ်သံကြားသည်နှင့် စာအုပ်အား ပစ်ချ၍ ဆိုဖာပေါ်သို့ဝုန်းခနဲ ပစ်ထိုင်လိုက်သည် ။

"သားကို အဖေပြောစရာရှိတယ်..''

စစ် အဖေသည် သတင်းစာဖတ်နေရာမှ မော့ကြည့်ကာပြောသည် ။ စစ် လည်း ငြိမ်၍ နားထောင်နေသည် ။

"အဖေ ဒီကိစ္စကို နှစ်တိုင်းစဉ်းစားတယ်.သားက ကလေးပဲရှိသေးတယ်လို့ သားအမေက ပြောလို့ အဖေ လက်လျော့ထားရတယ်..ဒါပေမယ့် အခု သားက ဆယ့်ခြောက်နှစ် ပြည့်ပြီးပြီ ဆိုတော့ အဖေ.."

"အိမ်ထောင်ချပေးမှာလား.."

အဖေဧ။် စကားမဆုံးသေးခင် စစ် က သိချင်စိတ်ဖြင့်ဝင်ပြောသောအခါ အဖေက သတင်းစာလိပ်ဖြင့် စစ်ဧ။်လက်မောင်း အား နှစ်ချက် ဆင့်ရိုက်ကာ..

"ငါပြောတာက မင်းကို ရေကူးသင်တန်း ပို့ဖို့ စီစဉ်ထားတယ် အရင်နှစ်ကမင်းအမေက မင်းကိုစိတ်မချလို့ မပို့ဘူး..အဲ့ဒါပြောတာ..ဘယ်ကတည်းကများ မိန်းမလိုချင်နေလည်း မသိဘူး.."

Tie Up ( Completed) Where stories live. Discover now