ep-(24)

147 8 14
                                    

အချိန် ဆိုသည့် အရာက အလွန် ထူးဆန်းသည် ။ သူကတော့သူဟာသူ တရွေ့ရွေ့ သွားနေသော်လည်း လူသားများမှာတော့အချိန်ဧ။် လျင်မြန်မှုအား လိုက်၍မမှီ ။ ဘာလိုလိုနှင့်စစ် တို့ ယခု ကိုးတန်း တစ်နှစ် ကုန်တော့မည် ။ 

ခရစ်စမတ် ရာသီ ပင် ကုန်၍ အဆင့်ကြီး စာမေးပွဲ ဖြေရတော့မည် ။ဒီကြားထဲတွင် မိုးခနေစဉ် သည် စစ် ဧ။် အကောင်းဆုံးသူငယ်ချင်း ဖြစ်လာခဲ့သည် ။ မင်းဘုန်းမြတ်ပိုင် နှင့်ဆက်ဆံရေး သည် အေးစက်စက် ကော်ဖီတစ်ခွက် မှမပြောင်းလဲ ။ စစ် ထိုအဖြစ်အား ယခုအထိ အသားမကျသေး
သော်လည်း အသားကျအောင် နေပါသည် ။ ခရစ္စမတ် နေ့ဖြစ် တလည်း ၊ စစ်ဧ။် ​မွေးနေ့တွင် လူမလာဘဲ လက်တပိုက်စာ 
အမွှေးပွ ဝက်ဝံရုပ် နှင့် ယုန်မွှေးဖြင့် ချုပ်ထားသော အမွှေးပွ ကုတ်အကျႌဖားဖား ကြီး ကို delivery နှင့် ပို့လိုက်သည့် ကိစ္စကိုပါ နားလည်ဖို့ ကြိုးစားနေဆဲ..။ 

"မင်း သိလား..ငါက အခု ကလေးလည်းမဟုတ်တော့ဘူး..ဒါတွေ ပေးရမယ့်အရွယ်လည်း မဟုတ်တော့ဘူး..ငါ့ကိုအဲ့လောက်တောင် မမြင်ချင်လို့လား မသိဘူး..သူ့အမေ
ပြောတာကတော့ အပြင်သွားနေလို့ ငါ့မွေးနေ့ မမီတော့တော့ဘူးတဲ့..ဒါပေမယ့် သူ သက်သက်မလာချင်ဘူးဆိုတာ
ငါ သိသားပဲ.. "

စစ် လူတရပ်စာ အရုပ်ကြီးအား ကုတင်ပေါ်သို့ တင်၍အရုပ်အား ပြောနေသလိုလို နှင့် တစ်ယောက်တည်းစကားပြောနေသည် ။ အဖြူနှင့်မီးခိုရောင် စပ်ထားသောဝက်ဝံရုပ်ကြီး သည် ကြီးလည်းကြီး၍ ၊ ချစ်ဖို့လည်း
ကောင်းသည် ။ အမွှေးများမှာ နူးညံလွန်းသည် ။

ဝက်ဝံရုပ် ခမျာ စစ် ပွားသမျှကို မျက်လုံးအဝိုင်းသားဖြင့်ကြည့်ရုံသာ တတ်နိုင်ရှာသည် ။ ယခုလည်း ဝက်ဝံရုပ်အား
အားဖြင့် ထု၍..

"အဲ့ဒီ့ မေဒါဒါဦးကလည်း မင်းရဲ့ အကြောင်း 
ပြောသလိုလိုနှင့် မင်းဘုန်းမြတ်ပိုင် အကြောင်း ချီးမွမ်းခန်းဖွင့်ဖွင့်နေတာ..ဝက်ဝံရုပ်ကြီးက လှလိုက်တာ ၊ ကြီးလိုက်တာ စုံနေရော..ပြီးတော့ မင်းဘုန်းမြတ်ပိုင် က
ရွေးတတ်တယ်တဲ့..ပြီးတော့ နော်ဝေ ခဏပြန်သွားတဲ့ သူ့အဖေဆီက တကူးတက လှမ်းမှာတာတို့ ဘာတို့ဟိုကတောင် ဘာမှပြောရမယ်မကြံသေးဘူး..ငါဆိုသည်မှာလည်း
မင်း ရောက်လာပြီးကတည်းက စကားအရမ်းများလာသလိုပဲ.."

Tie Up ( Completed) Where stories live. Discover now