Ep-(34)

62 4 0
                                    

ကျောင်း စ တက်သည့် ရက် ဖြစ်တလဲ ၊ ဆယ်တန်းကျောင်းသားအဖြစ်

ကျောင်းသို့ ပထမဆုံး ခြေချ ရတော့မည့် နေ့လည်း

ဖြစ်သည် ။ ၅တန်းကတည်းက စတက်လာသဖြင့်

ကျောင်း သည် စစ် နှင့် မစိမ်းတော့သော်လည်း

၃လ ကြာ ကျောင်းနှင့် ခွဲခွာရသောကြောင့်

ကျောင်း စ တက်ရမည့် မူကြိုကလေး တစ်ယောက် ကဲ့သို့

ခံစားနေရသည် မှာ အမှန် ။

ကျောင်းကားပေါ်မှ ဆင်းလိုက်သည်နှင့် ရင်းနှီးနေသော

ကျောင်းဂိတ်ဝသို့ ရောက်လာ၍ ရင်းနှီးနေသော

လူများအား တွေ့ရသည် ။ မိုးခနေစဉ် သည်

ပထမဆုံး ရက်မို့ အိမ်က လိုက်ပို့မည်ဆိုသဖြင့်

စစ် တစ်ယောက်တည်းသာ ဆယ်တန်းအဆောင်ဘက်သို့

လျှောက်လာခဲ့သည် ။ ဆယ်တန်းအဆောင် သည်

ငါးတန်းအဆောင်ဖြစ်သော ဂန္ဓမာရိပ်အဆောင်ဧ။်

ဘေးချင်းကပ်တွင် ရှိသည့် အေးချမ်းရိပ် အဆောင်

ဖြစ်သည် ။

စစ် သည် ကော်ရစ်တာ တလျှောက်အား မမြင်ဖူးသကဲ့သို့

စူးစမ်း၍ ကြည့်နေသည် ။ ကံကော်ရိပ် အဆောင်နှင့်

အနည်းငယ် ဆင်၍ ဘာမှသိပ်မထူးခြား ။

စစ် အနည်းငယ် လျှောက်ပြီးသောအခါ (B)ခန်းဟု

ရေးထားသော အခန်းကို တွေ့သည်နှင့် မယောင်မလည်

ဝင် သွားလိုက်သည် ။

"လက်ျာလား.မတွေ့တာကြာပြီ..

အရင်ကနဲ့တောင် မတူတော့ဘူး .

အံမယ်..ပိုချောလာသလိုပဲ..အိုးမိုင်ဂေါ့...

ဆာဂျရီလုပ်လိုက်တာလား.."

စစ် ထင်ထားသည့် အတိုင်း ထို အခန်းသည် (B)ခန်း

မှန်ပါသည် ။ အတန်းထဲသို့

ရောက်၍ ထိုင်ရမည့် နေရာရှာနေစဉ် မြင့်မြတ်သူ က

ရုတ်တရက် ရောက်ချလာ၍ အံသြ သလို ၊

Tie Up ( Completed) Where stories live. Discover now