Ep-(23)

40 9 0
                                    

"လက်ျာ..သက်သာရဲ့လား..နေလည်း မကောင်းသေးဘဲဘာလို့ ကျောင်းလာတက်တာလဲ..ပထမဆုံးနေမို့ဘာမှတောင် သင်မှာမဟုတ်ဘူး..အလကား ပင်ပန်းအောင်.."

ကားပေါ်မှ ဆင်းလာသည်နှင့် မိုးခနေစဉ် သည် စစ် နှင့်အတူ ဘေးချင်းကပ်လျှောက်ရင်း တတွတ်တွတိ ပြောတော့သည် ။ စစ် လည်း ပေါ့ပါးစွာ ရယ်ရင်း..

"ငါက သက်သာပါတယ်.."

" စာအုပ်တွေရော ဖတ်လို့ကောင်းလား.."

"အင်း.. ပိုင် က.."

စစ် သည် မင်းဘုန်းမြတ်ပိုင် က စာအုပ်ဖတ်ပြကြောင်းပြောမည်အပြုတွင် အရှေ့ဘက် ကော်ရစ်တာ၌အခန်းဘက်သို့ လမ်းလျှောက်သွားသော မင်းဘုန်းမြတ်ပိုင် အား
တွေ့ရသည် ။ မိုးခနေစဉ် သည် သူ့အား လှမ်းခေါ်၍လက်လှမ်းပြသည် ။ မင်းဘုန်းမြတ်ပိုင် သည် မိုးခ​နေစဉ် အား ပြုံးပြ၍ စစ် တို့ ဘက်သို့ လျှောက်လာသည် ။

" မင်းနဲ့ စာအုပ်တွေထည့်ပေးလိုက်တာ..လက်ျာကိုတောင်ဘယ်လိုအခြေအနေရှိလဲ ဒီနေ့မှ မေးရတယ်..မင်းက ကြည့်ပေးမယ်ဆိုတော့ ငါလည်း ဘယ်လာဖြစ်တော့မလဲ.."

စစ် သည် စာအုပ်များ အား မင်းဘုန်းမြတ်ပိုင် ယူလာသည်ဟုထင်မိသောကြောင့် အနည်းငယ် အံသြ၍မိုးခနေစဉ် နှင့် မင်းဘုန်းမြတ်ပိုင် အား တလှည့်စီကြည့်ကာ..

"စာအုပ်တွေယူလာမယ်လို့တော့ မင်း ပြောလိုက်တယ်..ငါက ကိုယ်တိုင်လာပေးမယ်ထင်လို့..."

"ငါလည်း ကိုယ်တိုင်လာပေးချင်ပါတယ်..သူပေါ့.."

မိုးခနေစဉ် သည် စိတ်ဆိုးနေဟန် မဟုတ်ဘဲ ရယ်ရယ်မောမောနှင့် မင်းဘုန်းမြတ်ပိုင် ဘက်သို့ မေးဆတ်ပြသည် ။

"ဒီလောက်လေးနဲ့ လူတွေ တရုန်းရုန်း
လာကြည့်ဖို့ လိုလို့လား..ငါ တစ်ယောက် ရှိနေရင် ရပြီ..မင်းလည်း အိမ်ပြောင်းဖို့ကိစ္စနဲ့ အားမှာမှမဟုတ်ဘဲ..အခုလည်း အလိုလိုပျောက်သွားပြီပဲ.."

"အလိုလို ပျောက်ရအောင် ငါက နတ်လည်း မဟုတ်ဘူး..သီကြားမင်းလည်း မဟုတ်ဘူး.."

စစ် က မင်းဘုန်းမြတ်ပိုင် ဧ။် စကားကို အသံမာမာနှင့်တုန့်ပြန်လိုက်သောအခါ ကြားထဲမှ မိုးခနေစဉ် သည်မျက်လုံးပြူးမျက်ဆံပြူး ဖြစ်သွားပြီးမှ ဘာမှမဖြစ်သလို
ရယ်ရယ်မောမော နှင့်...

Tie Up ( Completed) Where stories live. Discover now