Ep-(15)

42 10 0
                                    

"လကျာ်.."

စစ် ကားပေါ်တက်လာသည်နှင့် စစ် ထိုင်နေကျခုံဧ။်ဘေးတွင် ဝင်ထိုင်နေသော မိုးခနေစဉ် သည် စစ် အားပြုံးပြ၍ စတင်နှုတ်ဆက်သည် ။ စစ် လည်း ပြန်ရယ်ပြကာ
မိုးခနေစဉ် ဧ။် ဘေးတွင် ဝင်ထိုင်လိုက်သည် ။

"မနေ့က တစ်ယောက်က ဘယ်သူလဲဟင် "

"မင်း အခုထိ မှတ်ထားတာလား.."

စစ် ထိုင်ခုံ၌ အထိုင်ကျအောင်ပင် မထိုင်ရသေး ။ မိုးခနေစဉ် သည် သူဧ။် မျက်လုံးဝိုင်းဝိုင်းများဖြင့် စစ် အား
ကြည့်၍ မေးလိုက်သည် ။ စိတ်အေးလက်အေး နှင့်ထိုင်နေသော စစ် သည် မိုးခနေစဉ် ဧ။် မေးခွန်းကြောင့်ပြူးတူးပြဲတဲ ဖြစ်သွား၍ မိုးခနေစဉ် အား အသံကျယ်ကျယ် နှင့်
အော်မေးလိုက်သည် ။

"မှတ်ထားတယ်လို့တော့ ဘယ်ဟုတ်မလဲ..ဒီတိုင်း သိချင်လို့ပါ.."

"မင်း သိလည်း ကောင်းတဲ့လူမဟုတ်ပါဘူး.."

စစ် သည် လေသံအား လျော့၍ မိုးခနေစဉ် အားမကြည့်ဘဲ ပြန်ဖြေလိုက်သည် ။ မိုးခနေစဉ် သည်စစ် အား မျက်နှာအား မျက်လုံးအဝိုင်းသားနှင့် ပြန်ကြည့်ကာ..

"သူက မကောင်းဘူးလား.."

"ငါ အဲ့လို မဆိုလိုပါဘူး ..သူက ငါပြောဖူးတဲ့ ငါ့တစ်ဦးတည်းသော သူငယ်ချင်း ပါ.."

စစ် သည် မိုးခနေစဉ် အား ခပ်ပြတ်ပြတ် ပြောလိုက်သည် ။မိုးခနေစဉ် သည် သူဧ။် မျက်နှာအား စစ်ဧ။် မျက်နှာအနီးသို့
တိုးကပ်ကာ..

"အကျင့်မကောင်းတဲ့လူဆို စောစောစီးစီး အဆက်သွယ်ဖြတ်လိုက်နော်.."

ဟု လေသံတိုးတိုးလေးဖြင့် လာပြောသည် ။ စစ် လည်းစကားအရှည်ကြီး ထပ် မပြောချင်သဖြင့် ခေါင်းသာညိမ့်ပြလိုက်သည် ။ ထိုအခါမှ မိုးခနေစဉ် သည် ကျေနပ်သွားပုံ
ရသည် ။ ဒါတောင်မှ..

"မင်းက မကောင်းတဲ့လူတွေနဲ့ ပေါင်းဖို့ မတန်ဘူး.."

ဟု ထပ်ကွန့်လိုက်သေးသည် ။ မိုးခနေစဉ် အားစစ် မုသားစကား တခွန်းမျှ မပြောခဲ့ပါ ။ မမှန်လျှင်တောင် လိမ်ခဲ့ခြင်း မဟုတ်ပါ ။ 

မိုးခနေစဉ် သည် စစ် နှင့် စကားမပြောတော့ဘဲ တိတ်ဆိတ်နေသကဲ့သို့ စစ် သည်လည်း မိုးခနေစဉ် နှင့် စကားမဆက်တော့ပါ ။ သို့ရာတွင် ခဏကြာသောအခါ မိုးခနေစဉ် ထံမှအသံတိုးတိုးလေး ထွက်လာသည် ။

Tie Up ( Completed) Where stories live. Discover now