ep-(45)

266 17 14
                                    

အင်္ဂလိပ် ဆရာမ အတန်းမှူးသည် ဒုတိယအစမ်း စာမေးပွဲနီးနေသဖြင့် ဒီဇင်ဘာလအထိ သင်ထားသောသင်ခန်းစာများအား ပြန်လှန်လေ့ကျင့်ခန်း လုပ်ပေးနေသည် ။

ဖတ်စာအုပ်အတွင်းရှိ စာပိုဒ်များအား ကျောင်းသားများထံသို့ တစ်ပိုင်းချင်း တိုင်ပေးနေသည် ။ ကျောင်းသား ၊ကျောင်းသူများသည် စိတ်ဝင်တစား လိုက်ဆိုနေကြသဖြင့် ဆရာမ သည် အထူးကျေနပ်လျက်ရှိသည် ။ 

မကျေနပ်သော လူမှာ စစ် သာ ဖြစ်သည် ။ ဆရာမ သည်တစ်ကိုယ်ကောင်းဆန် ၍ နှိပ်စက်လွန်းသည် ဟုမျက်လုံးထဲ၌ မြင်မိသည် ။ သူ ကိုယ်တိုင်ကျ တစ်ခေါက်သာ
ဆို၍ ကျောင်သား များကမူ သုံးခေါက် ၊ စာကြောင်းရှည်လျှင်ငါး ခေါက် ဆိုရသည် ။ မတရားပါ...။

လည်ချောင်းနာလိုက်တာ....။

ပါးစပ်မှ အမြုပ်ထွက်လုမတတ် ဆို နေရသည့်တိုင်စိတ်ထဲမှ တွေးတောချိန်ရသေးသည့် ကိုယ့်ကိုကိုယ်စက္ကန့်မလပ် ချီးကျူးမိသည် ။ နောက်ဆုံး အကြောင်းဆိုပြီးသည်နှင့် စစ် သည် လွယ်အိတ် အတွင်းမှ
ရေဘူးအား ထုတ်၍ အနှစ်နှစ်အလလ ရေပြတ်လပ်နေသည့်အာဖရိကတိုက်မှ ကလေးငယ် တစ်ဦးကဲ့သို့အကျႌပေါ်သို့ ဖိတ်ကုန်သည်အထိ တဂွပ်ဂွပ်သောက်နေသည် ။

"သူတို့ပဲ မောပန်းရတယ်ရှိသေး.စာပြပေးတဲ့ ဆရာမကမောရမယ် မရှိဘူး.."

"အဟွတ်အဟွတ် "

စစ်လကျ်ာ ဟု နာမည်မတပ်လိုက်သော်လည်းဆရာမ ဧ။် မျက်လုံးသည် စစ် ထံသို့ တည့်တည့်ကြီးရောက်နေမှန်း စစ် သိသည် ။ ရုတ်တရက်ကြီးထိုသို့ အပြောခံရသဖြင့် လည်ချောင်းထဲ ယားကျိယားကျိ
ဖြစ်သွား၍ သောက်လက်စရေပင် သီးသွားသည် ။

"ကဲကဲ..ဒီနေ့တော့ ဒီလောက်ပဲ..စာပိုဒ် တွေ
ပြန်ကျက်ထား ကြ..မောနေရင်လည်း ရေလေးဘာလေးထုတ်သောက်ကြပေါ့.."

"အဟွတ်အဟွတ် အဟတ်ဟတ်.."

ဒီတခါ ရေသီးသည့်အဆင့်အား ကျော်၍ 
နှာခေါင်းအတွင်းသို့ ရေဝင်၍ ရေမွန်းသည့် အဆင့်သို့ရောက် သွားသည် ။ စာအတော်အတန်ကြာဆိုထားရသည်
တကြောင်း ၊ ဆောင်းတွင်းဖြစ်၍ လည်ချောင်းနာနေသည်တကြောင်း ၊ရေဘူးအား မလွှတ်စတမ်း သောက်နေခြင်း သည်
အပြောခံရရန် မဟုတ်ကြောင်း အတန်းမှူးသိသင့်သည် ။

Tie Up ( Completed) Where stories live. Discover now