ep-(3)

446 25 22
                                    

"ကျွီ..''

ရုတ်တရက် ထိုးရပ်လာသော ကားကြောင့် အိပ်ငိုက်နေသော စစ်သည် ချက်ချင်း မျက်လုံးကျယ်သွားသည် ။ ထို့နောက် သူဧ။် မျက်လုံးနှစ်ဖက်အား လက်ဖြင့် နာနာပြတ္ကာ..

"ဦးလေးကြီး..ကားပျက်လို့ရပ်လိုက်တာလား.."

သူဧ။် အသံကြောင့် ဦးလေးကြီး သည် ရှေ့ခန်းမှလှည့်လာကာ ကျယ်လောင်သော အာလုတ်သံကြီးဖြင့်..

"လွဲပါစေ..ဖယ်ပါစေကွာ..မင်း အိမ်ရောက်လို့ ရပ်လိုက်တာဟေ့.."

ဦးလေးကြီးပြောမှပင် သူပြတင်းပေါက်အား ကပ်ာကလ်ာကြည့်မိသည် ။ ခရမ်းနုရောင် ခြံစည်းရိုးဖြင့် သူအိမ်မှသူ့ အိမ်အစစ်ပင် ဖြစ်သည် ။ ထိုအခါမှ ဦးလေးကြီး
အား ရယ်ပြကာ..

"ဟဲဟဲ..အဲ့ဒါဆို ဆင်းတော့မယ်နော်.."

"ကြွကြွ ဆရာ.."

ကားပေါ်မှ ဆင်းလိုက်သည်နှင့် အနောက်အရပ်သို့ ဦးတည်နေသည့် နေရောင်သည် သူ့ကိုယ်ပေါ်သို့ဟပ္ခနဲ ကျလာသည် ။ သစ်ပင် ငယ်လေးများဧ။်သစ်ကိုင်းများ လှုပ်ရှားသွားသဖြင့် လေတိုက်မှန်းသိလိုက်သော်လည်း တိုက်သည့်လေသည်လေပူ ၊ လေနွေးကြီးသာ ဖြစ်သဖြင့် လူတစ်ကိုယ်လုံး
နွမ်းလျသွားသည် ။ ည​ေန ၅နာရီ Guide ဆရာမ လာမည်ဖြစ်၍ အချိန်မဖြုံးဘဲ တစ်နာရီခန့် အနားယူရမည် ။

ခြံရှေ့သို့ ရောက်သောအခါ အလိုလျောက်ပွင့်နေသောခြံတံခါးအား တွေ့ရသည် ။ တစ်ကိုယ်လုံးနွမ်းလျနေသောစစ်သည် မိမိဧ။် အနားယူချိန်များအား ခြံတခါးဖွင့်ခြင်းဖြင့်
အချိန်ကုန်မလိုပါ ။

"အမေ ငါ့ကိုခ်စ္သားပဲ..သူ့သားပင်ပန်းမှာစိုးလို့တံခါးတွေဘာတွေဖွင့်ပေးထားပါလား.."

ပြောပြောဆိုဆိုနှင့် အိမ်ထဲဝင်လာ၍ ဖိနပ်စင်၍ စီးထားသော ရှူးဖိနပ်အား ငုံ့ချွတ်နေစဉ် ခရီးရောက်မဆိုက် အမေဧ။်
အသံအား ကြားလိုက်ရသည် ။

"သား..အသီးနှင့်အအေးသောက်မလား ၊ ကော်ဖီနှင့်မုန့် နှင့် စားမလား..ဗိုက်ဆာနေရောပေါ့.."

ဖိနပ်ချွတ်နေသော စစ်သည် အိမ်အတွင်းသို့ ခေါင်းလှည့်ကာ အသံကျယ်ကျယ် နှင့် လှမ်းအော်လိုက်သည် ။

Tie Up ( Completed) Where stories live. Discover now