Final

162 3 0
                                    


၁၀ လ ခန့် ကြာသောအခါ...

မိုးရွာထားသဖြင့် ကွန်ကရစ်လမ်းပေါ်တွင် ရေအိုင်များ

ဟိုနေရာတစ်စု ၊ ဒီနေရာတစ်စု ဖြစ်နေသည် ။

အုံ့မှိုင်းမှိုင်း ကောင်းကင်အောက်တွင် သစ်ပင်များသည်

မိုးရေသောက်လို့ ဝ ၍ စိမ်းစို လန်းဆန်းနေသည် ။

တချက် ဆို ၊ တချက် တိုက်လိုက်သော လေညှင်းလေးသည်

မြေသင်းရနံ့များ သယ်ဆောင်လာတတ်သည် ။

အနည်းငယ် ကြည်လင်နေသော ရေအိုင်တွင်

ကိုယ့် ပုံရိပ် ကိုယ် ငုံ့ကြည့်ရင်း..

"အမေ့ စကား နားမထောင်တာ မှန်သွားပြီ

ဒီ ပုံစံက ငါနဲ့ အရမ်းလိုက်တယ် "

အကြည်ရောင် ထီး အား ဆောင်း၍ အဖြူရောင် လက်ရှည်

အင်္ကျီ နှင့် အဖြူရောင် ဘောင်းဘီရှည် ဝတ်ထားသော

စစ် သည် "ရွံ့တွေစင်လိမ့်မယ်.တခြားအရောင်ဝတ်ပါလား "

ဟု ပြောနေသည့် အိမ်က အမေ့စကားကို ကလန်ကဆန်

လုပ်လားမှန်း သိသာသည် ။ လက်ထဲတွင်မူ

သရေစာမုန့်ထုတ် အချို့နှင့်အတူ စာရေးကိရိယာအချို့ ။

သူ ပညာသင်ကြားနေသော YUFL

(yangon university of foreign language) တက္ကသိုလ်

ဧ။် ဒုတိယ နှစ်ဝက် ဇွန်လဆန်းတွင် စ တော့ မည်မလား ။

ငယ်စဉ်က ကျောင်းဖွင့်ရင် မပျော်သလို ခံစားရသော်လည်း

ယခု သူ နှစ်ပေါင်းများစွာ အိမ်မက်မက်ခဲ့ရသော

တက္ကသိုလ် မို့ ဖွင့်ရက်နီးလေလေ ၊ ပျော်ရွှင်မိလေလေ ။

" မင်း ငါ့ စာအုပ် ပြန်လျော်ပေး..မင်း လုပ်လိုက်လို့

ရေထဲကျတာလေ..အဲ့ဒါ ငါ မုန့်ဖိုးစုပြီး

ဝယ်လာရတာ.."

"ငါ့ အပြစ်မှ မဟုတ်တာ..မင်းက ဘာလို့ ငါ့ကို တွန်းလဲ..

ငါလည်း တံတောင်ဆစ်ပွန်းသွားတယ်..မင်းသာ

Tie Up ( Completed) Where stories live. Discover now