Cute moment of our A Sit

37 2 0
                                    

ဒါလေးက အထွေထွေထူးမဟုတ်ပါဘူး...။လင်း ပျောက်နေတဲ့တောတွင်း plot ပိစိလေးတွေကို အစစ်လေးရဲ့Cute and funny moment collection လေးလုပ်ထားတာပါ ။ပျောက်နေတဲ့တောတွင်း အားလုံး ကို လွမ်းနေတာပါ..။ ဒီကာလအတွင်း ကျန်းမာရေး ဂရုစိုက်ကြပါနော်..။အပြင်သွားရင် mask တွေမေးမချိတ်ကြပါနဲ့..။ အခု အိုမီခရွန်ကကူးစက်တာမြန်လို့ပါ..ပြန်လာရင်လည်း အရက်ပျံဖြန်းလို့
မပျင်းပါနဲ့ နော်..။ ဟီး..တော်တော် လျှာရှည်မိပြီ..စိတ်ပူလို့ပါ 😅

Round (1) 

"လကျာ်..သားရေ အမေ့ကို အချိုပွဲအတွက် ကော်ဖီလေး ဝယ်ပေးပါ.."

"အမေကလည်း..."

"အမေ မလဲဘူး..အလုပ်လုပ်နေတယ်..သွားစမ်းပါ သားရယ်ဧည့်သည်တွေကို ဖျော်တိုက်ရအောင်.."

အမေ ဆိုသည်မှာ ကျောင်းလေးပိတ်လိုက်လျှင် ဆူလျှင်ဆူမည် ။ခိုင်းလျှင် ခိုင်းမည် ။ လကျာ် လကျာ် နှင့် အမြဲပဲ..။ အခုလည်း ဖုန်းကြည့်နေသော စစ် အား အတင်းဆွဲထူ၍
အိမ်ပေါ်မှ နှင်ချနေသည့်နှယ် အိမ်အပြင်သို့ တွန်းထိုးနေသည် ။

"ဟုတ်..ဟုတ်..ဟုတ်..သွားပြီ.."

ခြစ်ခြစ်တောက် ပူနေသည့်နေအား အံတုကာ 
လမ်ထဲကကုန်စုံဆိုင် သို့ ထွက်လာသည် ။
လမ်းသွားလမ်းလာ များသည် စစ် အား လည်ပြန်ကြည့်၍

"နေ ဒီလောက် ပူနေတာ အံ့ပါ့.."

"ဟိုကောင်လေး ထီးလည်း မဆောင်ဘူး "

"အေးလေ..ငါးခြောက်ဖြစ်ချင်လို့လားမသိဘူး "

စသဖြင့် တီးတိုးပြောလိုက်သည်ကို စစ် မကြားလိုက်ရ ။ လမ်းထိပ်က စတိုးဆိုင်ကြီး ကို သွားသင့်သော်လည်း လမ်းမလျှောက်ချင်သောကြောင့် လမ်းထဲက ကုန်စုံဆိုင်လေးဆီ
သာ သွားလိုက်သည် ။

ကံကောင်းတာလား ။ ကံဆိုးတာလား မသိ ။ 
ကုန်စုံဆိုင်ရောက်သည့်အခါ အမေ ဝယ်နေကျ ကော်ဖီမှုန့်အမျိုးအစား ကုန်နေသည် ဟု ဆိုသည် ။ ထိုကြောင့် ရေခဲချောင်း နှင့် ဖုန်းဘေလ် ဝယ်လိုက်သည် ။
ဆိုင်ရှင် အစ်မကြီးသည် စစ် အား ရင်းနှီးနေ၍..

"ဟဲ့..နင့်အမေ ဆူနေဦးမယ်.."

"ဘာကိစ္စ ဆူရမှာလဲ..ကော်ဖီမှုန့်က သူ့ဟာသူ မရှိတာလေ..ကျွန်တော်က ကော်ဖီမှုန့် မရှိအောင် လုပ်တာမှ မဟုတ်တာ..
သူ့ဟာသူ ဆူချင်သပ ဆိုရင် ဆိုင်မှာ ကော်ဖီမှုန့် ကုန်မှန်းသိရက်နဲ့အသစ်မတင်တဲ့ အစ်မကို လာဆူလိမ့်မယ်.."

Tie Up ( Completed) Where stories live. Discover now