ep-(35)

278 10 28
                                    

"ဒီ စာအုပ်တွေကို တစ်ယောက်လောက် စာကြည့်တိုက် ပြန်ပို့ပေးပါလား..သား စာပြီးပြီလား.."

စာရိတ္တဆရာမ သည် စာကြည့်တိုက်မှ ပုံဝတၳုစာအုပ်အထပ်လိုက် အား စစ် ဧ။် စားပွဲပေါ်သို့ လာတင်လိုက်သည် ။စစ် လည်း ငြင်းရန် မကောင်းသဖြင့် ထို စာအုပ်များအား
မ ယူ လိုက်ရသည် ။ စာသင်ခန်းမှ 
အပြင်ထွက်မည်အပြုတွင် ဆရာမ သည်..

"အဖော်တစ်ယောက်ခေါ်သွားလေ..စာအုပ်တွေကအများကြီးပဲ.."

စစ် သည် တခန်းလုံးအား မျက်လုံး ဝင့် ကြည့်လိုက်သည် ။ကျောင်းသားအများစုဧ။် မျက်လုံးထဲ၌ 'ငါ့ကို မခေါ်ပါနဲ့ ' ဟု တောင်းပန်နေသော အရိပ်အယောင်
များ အား တွေ့ရသည် ။ စစ် နှင့်အတူ ကြည်ကြည်ဖြူဖြူလိုက်ချင်သည့်သူဟူ၍ တစ်ဦးသာ ရှိသည် ။

"မိုးခ..လိုက်ခဲ့မလား "

"ဪ..အင်း.."

မိုးခနေစဉ် သည် ရေးလက်စ စာအုပ်အား ပိတ်၍ထ လိုက်မည်အပြုတွင် မင်းဘုန်းမြတ်ပိုင် သည်ရုတ်တရက် မတ်တပ်ထရပ်၍..

''သူက စာမပြီးသေးဘူး..သား ပဲ လိုက်သွားတော့မယ်.."

စကားဆုံးသည်နှင့် အတန်းရှေ့သို့ ရောက်နေပြီးဖြစ်သည် ။မင်းဘုန်းမြတ်ပိုင် ဧ။် အပြုအမူကြောင့် မိုးခနေစဉ် သည်
အသာ ပြန်ထိုင်နေရသည် ။ မင်းဘုန်းမြတ်ပိုင် သည်မိုးခနေစဉ် အား အူတို၍ တမင် လိုက်လာမှန်းသိသာသည် ။

"မလိုက်ချင် မလိုက်နဲ့နော်..အတင်းမခေါ်ဘူး..
တစ်ယောက်တည်း သွားလို့ရတယ်.."

မင်းဘုန်းမြတ်ပိုင် သည် စစ် လက်ထဲမှ စာအုပ်များအားတဝက်ခွဲယူနေစဉ် စစ် က နှစ်ကိုယ်ကြားလေသံဖြင့်ပြောလိုက်သည် ။ မင်းဘုန်းမြတ်ပိုင် သည်စစ် ဧ။် စကားအား မကြားဟန်ဖြင့် အခန်းအပြင် သို့
ထွက်သွားသည် ။

___________♥♥♥♥♥___________

"စာကြည့်တိုက်က ဘယ်နားမှာလဲ ဆိုတာတောင်သိလို့လား "

မင်းဘုန်းမြတ်ပိုင် သည် အရှေ့မှသွားရင်း စာကြည့်တိုက်သွား ခဲ သော စစ် အား လှည့်ပြောလိုက်သည် ။

"ငါ့ကို စာမတတ်ပေမတတ် လို့ ထင်နေတာလား..ရုံးခန်းရဲ့ မျက်နှာချင်းဆိုင်မှာ မလား.."

Tie Up ( Completed) Where stories live. Discover now