ep-(16)

168 14 17
                                    

"မင်း အရမ်းတော်ခဲ့ပါတယ်.."

မင်းဘုန်းမြတ်ပိုင် သည် စစ် အား ခနဲ့သည့်လေသံလည်းမဟုတ် ၊ ဒေါသ သံလည်း မဟုတ်ဘဲ ရိုးရိုးနှင့် ခပ်ရှင်းရှင်းသာ ပြောလိုက်သည် ။ စစ် ခေါင်းငုံ့လျက်ပင် မျက်လုံးလေးလှန်ကာမင်းဘုန်းမြတ်ပိုင် ဧ။် မျက်နှာအား မသိမသာ ကြည့်လိုက်မိသည် ။

သူဧ။် နှုတ်ခမ်းအား ခပ်တင်းတင်း စေ့ထား၍ မျက်နှာကအနည်းငယ် တင်းမာနေသည်ဟု ထင်ရသည် ။

ဘေးရှိဖြတ်သွားဖြတ်လာ ကျောင်းသားများသည် စစ် နှင့်မင်းဘုန်းမြတ်ပိုင် မှန်းသတိထားမိကြ၍ လမ်းသွားရင်း
စစ်တို့အား စောင်းငဲ့ကြည့်သွားကြသည် ။
အော်ကြီးဟစ်ကျယ် ရန်ဖြစ်ရမည့်အစားခေါင်းကြီး တွင်တွင် ငုံ့ထားသော စစ် နှင့် မခံချင်အောင်စနောက်ရမည့်အစား မျက်နှာကြီးတည်နေသောင်းဘုန်းမြတ်ပိုင် တို့အား ကြည့်၍ တိုးတမျိုး ၊ ကျယ်တမျိုး
ဝေဖန်သွားကြသည် ။ ပြီးတော့ စစ် ဧ။် ဘေးတွင်ရပ်နေသော မိုးခနေစဉ် ကိုပါ စူးစမ်း၍ တစ်ယောက်တပေါက်
ပြောသွားကြသည်  ။

"သုံးပွင့်ဆိုင်လား.."

"ဟုတ်လောက်တယ်..ဟိုကောင်လေးက ဘယ်သူပါလိမ့်.."

"Aခန်းက ဟဲ့.."

"မင်းဘုန်း နှင့် လကျ်ာကို ငါတို့က တသက်လုံး Ship လာတာ..အခုလို သုံးပွင့်ဆိုင် ဇတ်လမ်းမျိုး ငါ သဘောမကျဘူး..အဲ့လိုဖြစ်အောင် လုပ်တဲ့လူကို
ချောင်းရိုက်ပစ်ချင်လိုက်တာ.."

ယခုအချိန်ထိ မင်းဘုန်းမြတ်ပိုင် ထံမှ အခြားစကားများထပ်မထွက်လာသေး ။ ကျောင်းသားများကြောင့်
ဆူညံနေသော မုန့်ဈေးတန်းသည် စစ် အတွက်တော့ သရဲခြောက်လုမတတ် တိတ်ဆိတ်နေသည် ။

"အဟမ်း.."

စစ် အခြေအနေအား ပြန်လည်ထိန်းလိုက်သည့် သဘောဖြင့် ချောင်းဟန့်လိုက်ကာ ခေါင်းအား ဆတ်ခနဲ မော့လိုက်သည် ။
သို့ရာတွင် မင်းဘုန်းမြတ်ပိုင် နှင့် မရင်ဆိုင်ရဲသလို မျက်လုံးက ကျီးကန်းတောင်းမှောက် ။

"အဟမ်း..ဟမ်း.."

မင်းဘုန်းမြတ်ပိုင် သည် ကျောက်ရုပ်ကြီးကဲ့သို့ မျက်နှာသေကြီးနှင့် စစ် အား ကြည့်နေသဖြင့်နောက်ထပ်တကြိမ် ချောင်းဟန့်လိုက်ရသည် ။ နောက်တစ်ခါထပ် ဟန့်ရလျှင်လည်း ဘေးကလူတွေ စစ် အား
အဆုတ်ကင်ဆာ ဖြစ်နေသည်ဟု ထင်ကြလိမ့်မည် ။ ထိုကြောင့်...

Tie Up ( Completed) Where stories live. Discover now