ep-(43)

192 11 23
                                    

"ဒီနေ့ ကျောင်းကို လူကြီးတွေ ဟောပြောပွဲအတွက်လာလိမ့်မယ်...မင်းတို့ ၁၀တန်းတွေက စံပြအနေနဲ့ကောင်းကောင်းမွန်မွန် နေကြ..သူတို့ ပြောတာသေချာနားထောင်....နေ့လည် ၁၁နာရီကျရင်ဟောခန်းထဲမှာ အားလုံး စုနေကြ..."

အတန်းပိုင်ဆရာမ ပြောလိုက်သော စကားထဲတွင်၁၁ နာရီ ဟူသော စကားအား နားထောင်ခြင်းအားဖြင့်နေ့လည်စာငတ်မည်ဖြစ်ကြောင်း စစ် သိလိုက်သည် ။ လွယ်အိတ် အား စမ်းကြည့်လိုက်သောအခါ
အအေးတစ်ဘူး နှင့် Moshi အာလူးကြော်တစ်ထုပ်ရှိမှန်းသိလိုက်ရတော့မှ စိတ်အေးဟန်ဖြင့် သက်ပြင်းချမိသည် ။

"ဆရာမက အစည်းအဝေးရှိလို့ ဒီနေ့ 
စာမသင်နိုင်ဘူး..အရင်တုန်းက မင်းတို့ကို
လွတ်လပ်ခွင့်ပေးခဲ့ပေမယ့် ဒီနေ့ လူကြီးတွေ
လာမှာဆိုတော့ ကဲ...မော်နီတာ နာမည်မှတ်မယ်.."

ဆရာမ ဧ။် စကားအဆုံးတွင် မော်နီတာ သည်
ကော့ကြော့ကော့ကြော့ ဖြင့် အတန်းရှေ့သို့
ထွက်လာသည် ။ မော်နီတာ ဆိုသည်မှာ
ယခင်နှစ်က မော်နီတာ သာဖြစ်သည် ။ မော်နီတာ သည် ဆော့ပင်ဖြင့်white board အား တဒေါက်ဒေါက် ခေါက်၍အတန်းသားများအား မျက်လုံးဝေ့ကြည့်နေသည် ။
ဆရာမ သည် ကျေနပ်သွားဟန်ဖြင့် အတန်းပြင်သို့ထွက်သွားသည် ။

"တကယ်ပဲ ဝစီပိတ်ကျင့်ရဦးမယ်....ပျင်းလိုက်တာ.."

စစ် သည် မော်နီတာ မကြားစေရန် ခပ်တိုးတိုး ပြောမိသည် ။အရေးကြီးသည့် နေ့များတွင် ဆရာမ သညိ မော်နီတာ အား နာမည် မှတ်စေသည် ။ မော်နီတာ သည်အနောက်တန်းမှ တီးတိုးစကားပြောနေသော
ကျောင်းသူများအား ချောင်းဟန့်၍ သတိပေးလိုက်သည် ။ 

"တစ်ကွက်ဆွဲ..."

စစ် သည် စာရွက်အလွတ်အား ဖြုတ်၍ စာရွက်ပေါ်တွင်ကျားကွက်ထိုးသကဲ့သို့ လေးထောင့်အကွက်များဆွဲ၍ပထမဆုံး အကွက်တွင် ကြက်ခြေခတ် ပုံ ဆွဲလိုက်သည် ။ထိုနောက် လေယာဉ်ပျံပံ ုပြုလုပ်၍ မင်းဘုန်းမြတ်ပိုင် ထံသို့ လွှတ်လိုက်သည် ။
ခဏကြာသောအခါ မင်းဘုန်းမြတ်ပိုင် ထံမှ စာရွက်ပြန်ရောက်လာသည် ။စာရွက်ထဲတွင် သေသပ်သော လက်ရေးဖြင့်..

"စာရွက်တွေကို ဖြုန်းတီးနေတာလား..စာရွက်ဆိုတာဝါးပင်က လုပ်တာ..မင်းက စာရွက်တစ်ရွက်ကိုအလကား လုပ်ပစ်လိုက်တော့ စာရွက်တစ်ရွက်စာအပိုကုန်တယ်..အဲ့ဒီ့တော့ စာအုပ်အသစ်ထပ်ဝယ်ရမယ်..စာအုပ်အသစ်တွေ ရောင်းရတဲ့အတွက်စာရွက်တွေ ပိုလုပ်ရမယ်..စာရွက်ဆိုတာ ဝါးပင်ကဖြစ်တာ
အဲ့ဒီ့တော့ ဝါးပင်တွေ ခုတ်ရမယ်..မင်းကြောင့် ဝါးပင်တွေ ပြုန်းတီးတယ်..."

Tie Up ( Completed) Where stories live. Discover now