ep-(25)

175 9 12
                                    

မနက်ဖြန် စာမေးပွဲဖြေရမည်ဖြစ်၍ ယနေ့ တစ်ကျောင်းလုံးစာမသင်ဘဲ နှုတ်ဆက်ပွဲ ကျင်းပကြသည် ။ 
ကျောင်းသား ၊ ကျောင်းသူ များသည် ကျောင်းဝတ်စုံများဝတ်လာခြင်း မရှိဘဲ ပေါ့ပေါ့ပါးပါး အပြင်ဝတ်စုံများဝတ်လာကြသည် ။ မိန်းကလေးများသည် မိတ်ကပ်များ 
ပြင်ဆင်လာကြသည် ။ 

တစ်ခန်းလုံးသည် နှုတ်ဆက်ပွဲနေ့ဖြစ်၍
ဖုန်းယူလာသည့်သူက ယူလာ ၊ 
အမှတ်တရ ဓာတ်ပုံရိုက်သူက ရိုက် ၊ 
ပေါ်တင် မုန့်ထိုင်စားသူကစား နှင့် လွတ်လပ်နေကြသည် ။ ဆရာမကလည်း သူ့ တပည့်များအား မဆူ ၊ မအော် ၊ မငေါက်ဘဲ
အရမ်း မဆော့ရန်သာ မှာနေသည် ။ မိန်းကလေးများသည်ဆရာမနှင့် အမှတ်တရဓာတ်ပုံများ ရိုက်နေကြသည် ။ အတန်းထဲရှိ စုံတွဲများသည် အလွမ်းသယ်၍ မဆုံးဖြစ်နေသည်ကိုကြည့်မရ ။ 

"စောက် Rsတွေများပိုကိုပိုတယ်..နောက်နှစ်ကျမတွေ့ရမှာကျလို့  ပြီးရင်လည်း ပြတ်ကြမှာပဲ.."

ဖုန်းသုံးရင်း အရှေ့မှအလွမ်းသယ်နေကြသော မြင့်မြတ်သူတို့အတွဲအား ကြည့်မရစွာ တကိုယ်တည်း ရေရွတ်လိုက်သည် ။
ထို့နောက် ဖုန်းအား ငုံ့၍ သုံးနေလိုက်သည် ။

"လကျ်ာ..ငါတို့အမှတ်တရ sefile တစ်ပုံလောက်.."

မိန်းကလေး သုံးယောက်သည် ဖုန်းများကိုင်လာကာ စစ်ထိုင်နေသည့် ခုံအနီးသို့ရောက်၍ ဓာတ်ပုံရိုက်ရန်ပြောသည် ။
စစ် ကလည်း မရိုက်ချင်သဖြင့် ခေါင်းခါပြလိုက်သည် ။မိန်းကလေးတစ်ယောက် သည် စစ် အား အတင်းဆွဲ၍..

"တစ်ပုံပါပဲဟယ်.."

"နောက်နှစ်ကျမတွေ့ရတော့ဘူးလား..အော်..၁၀တန်းနှစ်ကျရင် ရိုက်ပေးမယ်.."

"နင်ကလည်း.."

မိန်းကလေး သည် စစ် အား လွှတ်ကာ ဆူပုတ်ပုတ်နှင့်ပြောသည် ။ ထိုစဉ် မေဒါဒါဦး ရောက်လာ၍ မိန်းကလေးအုပ်စုအား တွေ့တွေ့ချင်း...

"ဟဲ့ နင်တို့တွေကလည်း ဟိုက ၁၀တန်းနှစ် ရိုက်ပေးမယ်ဆို ပြီးရောပေါ့..နင်တို့ကို ငါ Manga အသစ် လင်းမလို့.."

"အေးအေး.. ဘယ်မှာလဲ "

မိန်းကလေးများသည် မေဒါဒါဦး နှင့်အတူ အခန်းအပြင်ထွက်သွားကြသည် ။ ထိုအခါမှ စစ် လည်း စိတ်အေးလက်အေးရုပ်ရှင်ထိုင်ကြည့်နေလိုက်သည် ။ ရုပ်ရှင်မှာ သူငယ်ချင်းတစ်စုTrue or dare ကစားသည့်အကြောင်း Horror ဆန်ဆန်ရိုက်ပြထားခြင်း ဖြစ်သည် ။ အနက်ရောင်လူကြီးသည်
မိန်းကလေးတစ်ဦး အား ပုဆိန်နှင့် ခုတ်ရန်ပြင်သောအခန်းအား အသည်းတထိတ်ထိတ် နှင့် ကြည့်နေစဉ်..

Tie Up ( Completed) Where stories live. Discover now