ep-(33)

156 7 20
                                    

မနက်ခင်း ဧ။် နေရောင်ခြည်သည် ပြတင်းပေါက်မှ တဆင့်အခန်းတွင်းသို့ ဝင်ရောက်လာသည် ။ ၇နာရီ သာ
ရှိသေးသော်လည်း နွေရာသီ ဖြစ်သောကြောင့်နေရာအနှံပြားတွင် တောက်ပသော နေရောင်ခြည် အား
တွေ့ရလိမ့်မည် ။ နွေးထွေးသော လေညှင်းလေးသည်ပြတင်းပေါက် မှ တဆင့် ကြည်နူးစဖွယ် ဝင်ရောက်လာသည် ။

မင်းဘုန်းမြတ်ပိုင် သည် ဘေးနားတွင် အရုပ်တစ်ရုပ်လိုမလှုပ်မယှက် အိပ်နေသော စစ် အား ပြုံးကြည့်လိုက်သည် ။

အလယ်တွင် ခြားထားသော အရုပ်ကိုလည်း 
မဖယ်မိအောင် တစ်ညလုံး သတိထား 
အိပ်နေဟန်တူသည် ။ မျက်နှာပေါ်တွင် ဝဲကျနေသောဆံပင်များအား ညင်သာစွာ သပ်တင်ပေးလိုက်သည့်အခါရှင်းသန့်သော မျက်နှာသည် အတိုင်းသား 
ပေါ်လွင်လာသည် ။ 

မင်းဘုန်းမြတ်ပိုင် သည် စစ်ဧ။် ရှင်းသန့်သော မျက်နှာအားခပ်ဖွဖွ ထိ ကိုင်နေစဉ်..

"ဒေါက်ဒေါက်ဒေါက်.."

တံခါးခေါက်သံ ကြားရသောကြောင့် လက်အားအမြန်ဖယ်လိုက်၍ အခန်းတံခါး အား ဖွင့်လိုက်သည် ။အခန်းဝတွင် ရပ်နေသူမှာ ဖိုးနီ ဖြစ်သည် ။ 

မင်းဘုန်းမြတ်ပိုင် သည် အခန်းထဲ ဝင်ရန်
ဟန်ပြင်နေသည့် ဖိုးနီအား လက်ကာပြလိုက်သည် ။

သို့သော် ဖိုးနီ သည် မင်းဘုန်းမြတ်ပိုင် အား ကျော်၍အခန်းထဲ ဝင်မည် အပြုတွင်...

"အထဲမှာ အိပ်နေတဲ့လူရှိတယ်လေ..
ဘယ်လိုဖြစ်နေတာလဲ.."

ဟု ပြော၍ အခန်းတံခါးအား လုံးလုံး ပိတ်လိုက်သည် ။

မင်းဘုန်းမြတ်ပိုင် ငေါက်လိုက်သောကြောင့် ဖိုးနီသည်မျက်နှာငယ်လေး ဖြစ်သွားသည် ။ ထိုအခါမှ မင်းဘုန်းမြတ်ပိုင် လည်း အားနာဟန်ဖြင့်..

"sorry နော်..အစ်ကိုက ဒီတိုင်းပြောလိုက်တာ..ညီလေး ဘာပြောမလို့လဲ.."

"ဒေါ်ဒေါ်ကြီး က ၈နာရီခွဲကျရင် လာ ပြင်ဆင်ပြီး မနက်စာစားတော့ ဆိုလို့..."

"အေးအေး.."

မင်းဘုန်းမြတ်ပိုင် သည် ဖိုးနီ အား ပြောပြီးပြီးချင်းအခန်း တံခါးပိတ်လိုက်သည် ။ အပြင်တွင်ကျန်ခဲ့သော ဖိုးနီ က ပိတ်ထားသော အခန်းတံခါးအားမျှော်ကြည့်၍...

Tie Up ( Completed) Where stories live. Discover now