ep-(44)

218 15 21
                                    

လမ်းတိုင်း ၊ လမ်းတိုင်း ဧ။် နေရာအနှံတွင် 

ဆိုင်းဘုတ် "တန်ဆောင်တိုင် စတုဒီသာ နှင့် နိဗ္ဗာန်ဈေးပွဲတော်...."

ဟူသော ဆိုင်းဘုတ်များ အား တွေ့ရသည် ။ သင့်တင့်သော အဝတ်အစား (သို့မဟုတ်)

သစ်လွင်သော အဝတ်အစားများ ၊ ပြုံးရွှင်သော

လူများသည် သာမာန်ထက် ပို စည်ကားလျက်ရှိသည် ။ 

လမ်းထိပ်များတွင် စားပွဲများ ၊ ခုံများဖြင့်

စတုဒီယာ ကျွေးမွေးလျက်ရှိသည် ။ လမ်းဧ။် 

ဘေးတဖက် ၊ တချက်စီတွင် ရောင်စုံမီးတန်းလေးများ

သွယ်တန်းထားသည် ။

"သား ဦးထုပ်ဆောင်းဦးဟဲ့..လှစ်ခနဲ ပြေးသွားလိုက်တာ.."

စစ် သည် သူတို့ လမ်းထဲသို့ ဝင်လာသော 

 မင်းဘုန်းမြတ်ပိုင် အား တွေ့လျှင် တဟုန်ထိုး ပြေးလာ၍

အနောက်မှ မင်းဘုန်းမြတ်ပိုင် ဧ။် လည်ပင်းအား

ခုန်၍ သိုင်းဖက်လိုက်သည် ။ စစ် ဧ။် အမေသည်

စစ် အား ဖတ်ခနဲ ရိုက်၍..

"ဟဲ့...အကြောလွဲသွားလိမ့်မယ်..နင့်ခန္ဓာကိုယ်ကြီးနဲ့.."

စစ် သည် မင်းဘုန်းမြတ်ပိုင် အား လွှတ်လိုက်သောအခါ

အမေ သည် လက်ထဲမှ ဦးထုပ်အား စစ် ဧ။်

ခေါင်းပေါ်သို့ ဆောင်းပေးလိုက်သည် ။ ထိုနောက်

မင်းဘုန်းမြတ်ပိုင် ဘက်သို့ လှည့်၍ 

ရယ်ရယ်မောမော ဖြင့်..

"သားတို့ သွားတာကလည်း သွားပေါ့..ဒါပေမယ့်

မိုးအရမ်းမချုပ်စေနဲ့...ဒီကောင်လေး ကိုလည်း

ကြည့်ထားဦး....မဟုတ်တာ တစ်ခုခုလုပ်တာတွေ့ရင်

ဖုန်းဆက်တိုင်..အန်တီ ကိုယ်တိုင် လာရိုက်မယ်..."

"စိတ်ချပါ..အန်တီ..အပ်သာအပ်လိုက်ပါ..

သူ့ကို သား ထိန်းနိုင်ပါတယ်..တချိန်လုံး မျက်စိထောင့်ထောက်

Tie Up ( Completed) Where stories live. Discover now