ep-(12)

185 12 18
                                    

"ဟေး..ခဏနေဦး..မတက်နဲ့..ဒီမှာရပ်..ရပ်ဆိုရပ်.."

မိုးခ ကျောင်းကားပေါ်သို့ တက်ရန်ဟန်ပြင်နေစဉ် တစ်ယောက်ယောက် သည် မိုးခထံသို့ အူယားဖားယားပြေးလာကာ အော်ဟစ်တားဆီး နေသည် ။ မိုးခလှည့်ကြည့်လိုက်သောအခါ ဆွဲကြိုးရှာပေးသည့် (B)ခန်းက
တစ်ယောက် ဖြစ်နေသည် ။ ဆွဲကြိုး အတွက် ကျေးဇူးတင်စကား အပြောခံချင်၍ ထင်သည် ။

"ဟို..ဆွဲကြိုးက.."

"မင်းက အသစ်လား..မောလိုက်တာ.."

မိုးခက ဆွဲကြိုးအကြောင်း စကားစ လိုက်သော်လည်းဟိုတစ်ယောက်က ဆွဲကြိုးကိစ္စထက် အခြားကိစ္စအားစိတ်ဝင်စားနေဟန် ။ ယခုလည်း ကားအား မှီ၍ အမောဖြေနေသည် ။ သူဧ။် လက်တစ်ဖက်သည် ကား
အပေါက်ဝ အား ပိတ်ထားသောကြောင့် မိုးခ ကားပေါ်သို့တက်၍ မရ ။ 

"ဒီ ဆွဲသီးက ကျောက်စိမ်းအစစ်နဲ့ လုပ်ထား.."

"စိတ်မဝင်စားဘူး.."

ဆွဲသီးအား လက်ထဲမှ ထုတ်ပြကာ ပြောလိုက်သော်လည်းထို ကျောင်းသားဧ။် ခပ်မာမာ စကားကြောင့် လက်ထဲတွင်ဆုပ်ကိုင်ထားလိုက်ရသည် ။ ထို ကျောင်းသားသည်
မိုးခ ထင်သလို ကျေးဇူးအတင်ခံချင်၍ မဟုတ်တန်ရာ ။

သူ့ပုံစံမှာ နောက်ထပ် ဆွဲကြိုး အကြောင်း ထပ် ဟသည်နှင့် အသေ သတ် တော့မည့် ပုံစံ ဖြစ်၍ မိုးခ လည်းထပ် မပြောရဲ ။ မည်သို့ပင်ဖြစ်စေကာမူ ကိုယ်က ဘာမှမသိသော
ကျောင်းသား အသစ်မဟုတ်လား ။

"ဟို..ဒါဆို လက်ကလေး.."

ထို ကျောင်းသားဧ။် ပိတ်ထားသော လက်အားမိုးခ မဝံမရဲ လက်ညိုးထိုး ပြ လိုက်သည် ။ ထိုအခါ သူကအပေါက်ဝမှ လက်အား ဖယ်ကာ လူတစ်ကိုယ်လုံး မိုးခ ရှေ့သို့ ပိတ်ရပ်လိုက်သည် ။

"မင်းက အသစ်ဆို..ဘာလို့ဒီကိုလာတာလဲ..ဘယ်လောက်ပဲ V. I. P အခန်းကဆိုဆို.. bus(1)မှာကတော့ မဟုတ်သေးဘူးလေ..မင်း ကားမှားနေတာဖြစ်မယ်..bus(3)က ဟိုးမှာ..မြင်လား.."

"မ..မဟုတ်ဘူး..ငါ မမှားဘူး..မနက်ကလည်း ဒီကားပဲ..မင်းကိုတောင် မုန့်ဗူးလာပေးသေးတယ်လေ.."

"ဘာပဲဖြစ်ဖြစ် မင်းက အခုမှ ကျောင်းစတက်တာ..ဘယ်လိုလုပ်bus(1)က ဖြစ်နိုင်မှာလဲ..ငါက စေတနာနဲ့ ပြောတာပါ "

Tie Up ( Completed) Where stories live. Discover now