ep-(47)

217 14 15
                                    

" ရေလေးဘာလေး ချိုးပါလား..ကိုယ့် မွေးနေ့မှာ သန့်သန့်ပြန့်ပြန့်လေး ဖြစ်အောင်...ဘုရားသွား ၊ ကျောင်းတက်ရင်ကိုယ်လက်သန့်စင် နေမှ ကောင်းတာပေါ့ သားရဲ့.."

စစ် နိုးသောအခါ အမေ သည် ဘုရားပန်းအိုး လဲရင်းလှည့်ပြောလိုက်သည် ။ အချိန်အား ကြည့်လိုက်သောအခါ မနက် ၅နာရီ ခွဲနေပြီ ။ ဘုရားသွားရန် အကောင်းဆုံး
အချိန် မဟုတ်လား ။ 

"အမေကလည်း အခုက ညစ်ပတ်နေလို့လား..အေးတယ်.."

"ရေပူရေအေး စက် ဖွင့်ချိုးပေါ့တော်.."

"ရေ ကို ချိုးချင်စိတ်မရှိတာ.."

စစ် သည် ကြောင်အိမ်အတွင်းမှ ယူလာသော
 အာလူးကြော် ထုတ်အား ဖောက်၍ ကြောင်တစ်ကောင်ကဲ့သို့တကျွတ်ကျွတ် ဝါး စားနေသည် ။ စစ် ဧ။် အမေသည်
ဘုရားပန်းအိုးလဲရာမှ ဂျွတ်ဂျွတ် အသံကြား၍လှည့်ကြည့်လိုက်သည် ။

"ဟယ်..သွားမတိုက် ၊ ရေမချိုးဘဲ စားနေပြန်ပါပြီ..ကိုယ်စောင့်နတ်က မကြိုက်ဘူး..မွေးနေ့ဆိုပို တောင် သန့်ရှင်းရမှာ..သွားတိုက် ၊ ရေချိုး ပြီးပြန်ဆင်းလာခဲ့..လိမ္မာတယ် "

"ရေမချိုးတာ အပြစ်လား "

"ဟုတ်တယ်..အပြစ်ဟေ့ အပြစ်...မွေးနေ့ဆိုပြီး ချော့ပြောလည်း မရဘူး..နင့်အဖေကို ငါ တိုင်မှာနော်..ကိုစစ်မင်းရေ "

စစ် အမေ ဧ။် ခေါ်သံမဆုံးသေးခင် အပေါ်ထပ်သို့ဝရုန်းသုန်းကား ပြေးတက်သွားသော စစ် ပါလေ ။ ဝရုန်းသုန်းကား ပြေးတက်သွားသဖြင့် လှေကားသည်
တဒုန်းဒုန်း တဒိုင်းဒိုင်း နှင့် ဆူညံပလောရိုက်နေသည် ။

"ဟဲ့..ခြေနင်းပြင်းလှချည်လား..
ကောင်းကောင်း မွန်မွန် တက် စမ်း..အိမ်စောင့်နတ်မကြိုက်ဘူး "

"ရေမချိုးတော့လည်း ကိုယ်စောင်နတ် မကြိုက်ဘူး..လှေကားမြန်မြန် တက်တော့ အသံဆူလို့ အိမ်စောင့်နတ်က
မကြိုက်ပြန်ဘူး..သူတို့ အားလုံး ဘာဖြစ်ချင်နေတာလဲ "

စစ် သည် အခန်းထဲမှ နေ၍ အသားကုန် ပြန်အော်သည် ။

___________♥♥♥♥♥__________

"ဘုရားတော့ အေးဆေးသွားပါရစေ..အပြန်မှ
ဝင်ခေါ်တာပေါ့..အမေတို့က မင်းဘုန်းမြတ်ပိုင် ရောက်လာရင်သားကို ရှိတယ်လို့တောင် ထင်တာမဟုတ်ဘူး...သား ကို ပစ်ထားမှာ.."

Tie Up ( Completed) Where stories live. Discover now