ep-(39)

204 12 25
                                    

"မောင်..."

"အင်း..ပြောလေ.."

ကျောင်းမတက်သေးသဖြင့် ကျောင်းသား ၊ 
ကျောင်းသူများသည် အတန်းအပြင်၌ ရှိနေကြသည် ။မိုးခနေစဉ် နှင့် မင်းဘုန်းမြတ်ပိုင် သည် ကျောင်းဥယျာဉ် ဧ။်သစ်ပင် အရိပ်အောက်တွင် လမ်းပတ်လျှောက်နေကြသည် ။
လေအဝှေ့တွင် အပင်ကြီးများဧ။် အခက်အလက်များသည်လှပစွာ ယိမ်းနွဲ့နေသည် ။ မိုးခနေစဉ် သည်လက်ထဲမှ ပဲနို့ဘူးအား တစ်ငုံမျှ စုပ်သောက်လိုက်၍..

" မောင့် မိဘတွေကို ခ တို့ အကြောင်း ၁၀တန်းပြီးရင် ခ တို့အကြောင်း ဖွင့်ပြောရအောင်..နော်.."

"မောင် က ဆယ်တန်းပြီးတာနဲ့ နော်ဝေမှာ
ကျောင်းသွားတက်ရမှာ..၁နှစ်မှာ တစ်ခါလောက်ပဲပြန်လာနိုင်မှာ..ခ အဆင်ပြေပါ့မလား "

အေးမြသော လေ သည် မိုးခနေစဉ် အား 
ပက်ဖျန်းသွားသဖြင့် အပေါ်ဝတ်အကျႌ မဝတ်ထားဘဲအဖြူရောင် ယူနီဖောင်းချည်းသက်သက် ဝတ်ထားသောမိုးခနေစဉ် သည် ချမ်းလာဟန်ဖြင့် သူဧ။်လက်နှစ်ဖက်အား ကြက်ခြေခတ်ပုံစံ ပိုက်၍
ပွတ်သတ်နေသည် ။

"မနက်က မိုးရွာထားတာ ချမ်းနေမှာပေါ့..ဘာလို့အပေါ်ဝတ်အကျႌထားခဲ့တာလဲ..ရော့ ရော့.."

မင်းဘုန်းမြတ်ပိုင် သည် သူဧ။် အပေါ်ဝတ်အကျႌအားချွတ်၍ မိုးခနေစဉ် ပေါ်သို့ လွှမ်းခြုံပေးလိုက်သည် ။မိုးခနေစဉ် သည် မင်းဘုန်းမြတ်ပိုင် အား ပြုံးပြ၍အကျႌအား အသာတကြည် ဝတ်လိုက်သည် ။ 

မင်းဘုန်းမြတ်ပိုင် ဧ။် အပေါ်ဝတ်အကျႌသည်အရပ်ပုသော မိုးခနေစဉ် အတွက် တင်ပါးထိ ဖုံးနေသည် ။

"ကျေးဇူးပဲနော် မောင်..အခုမှပဲ နွေးသွားတယ်..ဒါနဲ့ ခုနက မောင်ပြောတာ မောင်က နော်ဝေမှာကျောင်းတက်ရမယ်ပေါ့..."

"အင်း..ဟုတ်တယ်.ဒါပေမယ့် ကျောင်းပြီးရင်တော့ဒီမှာပဲ အခြေအချမှာပါ.."

"ခ ကတော့ ဒီမှာပဲ အင်ဂျင်နီယာ
ဖြစ်အောင် လုပ်မှာ..အဲ့ဒီလိုဆို မောင့် 
မိဘတွေလည်း သဘောကျမယ်ထင်တယ်.."

မိုးခနေစဉ် သည် ပြုံးရွှင်စွာ ပြောရင်း လက်ထဲမှပဲနို့ဘူးအား ငုံ့၍ သောက်နေသည် ။ မင်းဘုန်းမြတ်ပိုင် သည် မိုးခနေစဉ် ဧ။် ခေါင်းအား ခပ်ဖွဖွ ပုတ်၍..

Tie Up ( Completed) Where stories live. Discover now