Ep-(39)

59 4 0
                                    


"မောင်..."

"အင်း..ပြောလေ.."

ကျောင်းမတက်သေးသဖြင့် ကျောင်းသား ၊

ကျောင်းသူများသည် အတန်းအပြင်၌ ရှိနေကြသည် ။

မိုးခနေစဉ် နှင့် မင်းဘုန်းမြတ်ပိုင် သည် ကျောင်းဥယျာဉ် ဧ။်

သစ်ပင် အရိပ်အောက်တွင် လမ်းပတ်လျှောက်နေကြသည် ။

လေအဝှေ့တွင် အပင်ကြီးများဧ။် အခက်အလက်များသည်

လှပစွာ ယိမ်းနွဲ့နေသည် ။ မိုးခနေစဉ် သည်

လက်ထဲမှ ပဲနို့ဘူးအား တစ်ငုံမျှ စုပ်သောက်လိုက်၍..

" မောင့် မိဘတွေကို ခ တို့ အကြောင်း ၁၀တန်းပြီးရင်

ခ တို့အကြောင်း ဖွင့်ပြောရအောင်..နော်.."

"မောင် က ဆယ်တန်းပြီးတာနဲ့ နော်ဝေမှာ

ကျောင်းသွားတက်ရမှာ..၁နှစ်မှာ တစ်ခါလောက်ပဲ

ပြန်လာနိုင်မှာ..ခ အဆင်ပြေပါ့မလား "

အေးမြသော လေ သည် မိုးခနေစဉ် အား

ပက်ဖျန်းသွားသဖြင့် အပေါ်ဝတ်အင်္ကျီ မဝတ်ထားဘဲ

အဖြူရောင် ယူနီဖောင်းချည်းသက်သက် ဝတ်ထားသော

မိုးခနေစဉ် သည် ချမ်းလာဟန်ဖြင့် သူဧ။်

လက်နှစ်ဖက်အား ကြက်ခြေခတ်ပုံစံ ပိုက်၍

ပွတ်သတ်နေသည် ။

"မနက်က မိုးရွာထားတာ ချမ်းနေမှာပေါ့..ဘာလို့

အပေါ်ဝတ်အင်္ကျီထားခဲ့တာလဲ..ရော့ ရော့.."

မင်းဘုန်းမြတ်ပိုင် သည် သူဧ။် အပေါ်ဝတ်အင်္ကျီအား

ချွတ်၍ မိုးခနေစဉ် ပေါ်သို့ လွှမ်းခြုံပေးလိုက်သည် ။

မိုးခနေစဉ် သည် မင်းဘုန်းမြတ်ပိုင် အား ပြုံးပြ၍

အင်္ကျီအား အသာတကြည် ဝတ်လိုက်သည် ။

မင်းဘုန်းမြတ်ပိုင် ဧ။် အပေါ်ဝတ်အင်္ကျီသည်

အရပ်ပုသော မိုးခနေစဉ် အတွက် တင်ပါးထိ ဖုံးနေသည် ။

"ကျေးဇူးပဲနော် မောင်..အခုမှပဲ နွေးသွားတယ်..

Tie Up ( Completed) Where stories live. Discover now