ep-(36)

217 10 23
                                    

"လကျ်ာ..ငါ မင်းကိုပြောစရာရှိတယ်.."

မိုးခနေစဉ် သည် ကျောင်းကားပေါ်မှ ဆင်းလာသည်နှင့်စာကြည့်တိုက်သို့ သွားရန်ပြင်နေသည့် စစ်အနောက်သို့ ပြေးလိုက်လာသည် ။ လက်ထဲတွင်လည်းမနေ့က ငှါးလာလည့် မဂ္ဂဇင်း သုံးအုပ်အားပိုက်ထားသည် ။ လွန်ခဲ့သည့် တစ်ပတ်ကတည်းကစာကြည့်တိုက်တွင် အချိန်ဖြုန်းတတ်သည့်
အကျင့် စစ် ထံတွင် စွဲသွားသည် ။

"ဘာပြောမလို့လဲ "

စစ် သည် ဖတ်ရန်ကျန်သေးသော စာအုပ် အားငုံ့ဖတ်ရင်း ပြောလိုက်သည် ။ 

"ငါ့မှာ ချစ်သူရပြီ..တစ်ပတ်လောက် ရှိပြီ.."

"ဟင်.."

မိုးခနေစဉ် ဧ။် စကားကြောင့် စာအုပ်ငုံ့ဖတ်နေသောစစ် သည် မိုးခနေစဉ် အား အလန့်တကြား မော့ကြည့်သည် ။ မိုးခနေစဉ် သည် ရှက်နေဟန်ဖြင့်ခေါင်းငုံ့ထားသည် ။ စစ် သည် သိချင်ဟန်ဖြင့်..

"ဘယ်သူလဲ..ဘယ်အတန်းကလဲ.."

"ငါက တခြားအတန်းက လူတွေနဲ့မှ မသိတာ..
ဒီအတန်းကပဲပေါ့.."

စစ် သည် စာအုပ်အား လုံးလုံးပိတ်၍ ရင်ခွင်ထဲထည့်ပိုက်ကာ မိုးခနေစဉ် ဧ။် မျက်နှာအား
စေ့စေ့ကြည့်၍ မိုးခ​နေစဉ် ဧ။် အဖြေအား
စိတ်ဝင်စား စောင့်နေသည် ။

"မင်းဘုန်းလေ..မင်းဘုန်းမြတ်ပိုင် "

"ဘာရယ်..မဖြစ်နိုင်တာ.."

မိုးခနေစဉ် ဧ။် မထင်ထားသော အဖြေကြောင့် စစ် အလွန် အံသြ သွား၍ ယောင်ယမ်းကာထ အော်လိုက်သည် ။ မည်မျှအသံကျယ်သလဲဆိုလျှင် ဘေးရှိ ကျောင်းသားများပင် ငဲ့ကြည့်ကြ သည် ။ ထို့အတူ စစ် လက်ထဲရှိမဂ္ဂဇင်း သုံးအုပ်မှာ စစ် လက်ထဲမှ လွတ်ကျ၍
မြေခ သွားရသည် ။

~~ဝုန်း...~~

"လကျာ..ရရဲ့လား "

မိုးခနေစဉ် သည် လွတ်ကျသွားသော စာအုပ်များအားပြန်ကောက်ပေးရင်း စစ် အား မေးလိုက်သည် ။စစ် က အံဩ ခြင်း မပြယ်သေးသော အသံဖြင့်..

"မရဘူးဟေ့..မရဘူး.."

စစ် သည် အသက်အား ပုံမှန်ဖြစ်သည်အထိ ကြိုးစား၍ရှူသွင်း ၊ ရှူထုတ် လုပ်၍ မိနစ်ပိုင်းခန့်မည်သည့် စကားမျှ မပြောဘဲ တောင့်တောင့်ကြီးရပ်နေကာထို အခြေအနေ အား လက်ခံရန် ကြိုးစားနေသည် ။ 
အသက်ရှူနှုန်း ပုံမှန်ဖြစ်သည့်အခါ ခြောက်ကပ်နေသော
လည်ချောင်း အတွင်းသို့ တံတွေး မြိုချလိုက်၍မျက်နှာအနေအထားကိုပါ ပြုပြင်လိုက်သည် ။

Tie Up ( Completed) Where stories live. Discover now