ep-(29)

157 9 16
                                    

ရေကူးသင်တန်းတွင် စစ် တစ်ယောက်တည်းသာ ရှိသည် ။ကလေး ရေကူးကန်တွင် ကလေးများအားရေမကူးချင်၍ အော်ဟစ်နေသည့် အသံကိုလည်းမကြားရသကဲ့သို့ အခြားဖြတ်သွားဖြတ်လာများကိုပါမတွေ့ရ ။ ပန်းခြံထဲတွင် အခြားကျောင်းသားများကို
မတွေ့ရဘဲ စစ် တစ်ယောက်တည်းသာ လျှောက်လမ်းပေါ်တွင် လမ်းလျှောက်နေသည် ။ မြစိမ်းရောင် မြက်ခင်းပြင်
နှင့် ရောင်စုံပန်းပွင့်များအားကြည့်ရင်း စစ်
အကြီးဆုံး ရေကူးကန်ဘက်သို့ လျှောက်လာသည် ။

ထို ရေကူးကန်ကြီးသည် စစ်တို့ သင်နေကျ ရေကူးကန်ထက်အလျားကျယ်၍ အနံကလည်း မြင့်သည် ။ ရေဆိုလျှင်ပို၍ တောင် နက်သေးသည် ။ ရေများကလည်း
စိမ်းပြာ၍ ကြည်လင်နေပုံမှာ ရေကူးကန်အောက်ခြေကိုပင်သေချာမြင်ရသည် ။ ထို ရေကူးကန်ကြီးအား စစ်တခါမျှ ဆင်းမကူးရဲ ။ ရေကူးကန်ကြီးအား သွပ်မိုးမိုးထားသဖြင့် နေရိပ်မကျဘဲ ရှိနေသည် ။

 ရေကန်ထဲရှိ ရေများသည် အစဉ်သဖြင့် တည်ငြိမ်နေရာမှ လှိုင်းထ သကဲ့သို့ တဖြည်းဖြည်း လှုပ်ခတ်လာသည် ။

"ကယ်ကြပါဦး..ရေနစ်နေလို့ပါ..ကယ်ကြပါ "

မည်သူမျှ မရှိဟု ထင်ရသော ရေကန်ကြီးသည် လူတစ်ယောက်ကူးနေသကဲ့သို့ ရေများလှုပ်ခတ်လာ၍လူတစ်ယောက် ဧ။် ဗလုံးဗထွေး အော်သံအား ကြားရသည် ။

"ကယ်..ကြ...ပါ.."

စစ် လည်း အစက ကြောင်ကြည့်နေရာမှ ထပ်၍ အကူညီတောင်းသံ ကြားရသောအခါ ဘာမှမစဉ်းစားတော့ဘဲရေကူးကန် အတွင်းသို့ ဒိုင်ဗင်ပစ်ဝင်လိုက်သည် ။ ထို့နောက် အသံလာရာနေရာသို့ ကူးခတ်သွားသောအခါ
အစွမ်းကုန်အားတင်း၍ ကူးခတ်နေသော လူတစ်ယောက်ဧ။်လက်အား တွေ့ရသည် ။ စစ် လည်း ထိုလက်အားရှိသမျှ အားဖြင့် ဆွဲလိုက်သောအခါ ထိုလူဧ။် မျက်နှာသည်
ရေထဲမှ ပေါ်လာသည် ။ 

"ဟင်.."

မထင်ထားသော လူတစ်ယောက် အား မြင်ရသဖြင့် စစ်လန့်၍ အံအားသင့်သွားသည် ။ ရေနစ်နေသူမှာရေကူးကျွမ်းပါပေ့ ဟု ဆိုရမည့် စစ်တို့ဧ။် ရေကူးနည်းပြကြီးဖြစ်နေသောကြောင့် ဖြစ်သည် ။ သူ့ ကျွမ်းကျင်မှု ၊
သူ့ ဗလကြီးနှင့် အဘယ်ကြောင့် ရေနစ်ရသနည်း ဟုစစ် စဉ်းစားနေသည့် အချိန်တွင် ဆရာကြီးသည်ရေထဲမှ ဘွားခနဲ ထိုးထွက်လာ၍ စစ် ဧ။် အနီးသို့ရောက်လာသည် ။ ထို့နောက် သူဧ။် လက်နှစ်ဖက်အား
စစ် ဧ။် လည်ပင်းထံသို့ ဆန့်တန်း၍ စစ် အား
လည်ပင်း ညှစ်တော့သည် ။ 

Tie Up ( Completed) Where stories live. Discover now