Ep-(27)

39 7 0
                                    

စစ် ဟိုအုပ်စု နှင့် ပြသနာဖြစ်သည့် နေ့မှစ၍ မင်းဘုန်းမြတ်ပိုင် နှင့် သိပ်စကားမပြောဖြစ်သည်မှာ ယခု စာမေးပွဲနောက်ဆုံး
ဖြေသည့်နေ့အထိပင် ။ အဲ့ဒီ့နေ့က မင်းဘုန်းမြတ်ပိုင် ကြောင့် စိတ်နည်းနည်း ခု သွားသည်မှ လွဲ၍ အဆင်ပြေခဲ့ပါသည် ။

မိုးခနေစဉ် သည် ထို့နေက ထင်ထားသည့်အတိုင်း "ဒဏ်ရာရလား..သူတို့ဘာလုပ်လဲ.."
နှင့် ပြာယာခတ်နေသည် ။ မင်းဘုန်းမြတ်ပိုင် က"ခြစ်ရာလေးတစ်ခုတောင် မရခဲ့ဘူး.." ဟု မိုးခနေစဉ် အားစိတ်နောက်ဟန်ဖြင့် ပြန်ပြောသည် ။ သူကတော့
ရိုးရိုးသားသား ပြောလိုက်မှန်း သိသော်လည်းစစ် မှာတော့..

"သူ စိတ်ပူသွားအောင် ငါက ဒဏ်ရာတစ်ခုခု ရပေးရမှာလား.."

"ဒီလိုမှန်းသိရင် ဒဏ်ရာတစ်ခုခုရအောင် လုပ်ခဲ့ပါတယ်.."

"အေးပေါ့..သူက ငါ့ကို ဘယ်စိတ်ပူမလဲ..မနေ့ကပြောတာပဲ ကြည့်ပါလား..ဘာတဲ့..မင်းတစ်ယောက်တည်း မှမဟုတ်ဘူး တခြားလူဆိုလည်း ငါကယ်မိမှာတဲ့..သူ ပြောတာလည်း ဟုတ်တာပဲ.."

စသည့် အတွေးပေါင်းစုံနှင့် ယောက်ယတ်ခတ်နေသည် ။ထို့ထက် စိတ်ကသိကအောက် ဖြစ်စရာ ကိစ္စတစ်ခုရှိသေးသည် ။ ထိုကိစ္စအား မင်းဘုန်းမြတ်ပိုင် မှ တစ်ဆင့်အမေက ပြန်သိသောအခါ စာမေးပွဲ နှစ်ရက်အား
ကျောင်းကား ဖြင့် မတက်စေဘဲ အဖေက အကြိုအပို့လုပ်ပေးမည် ဟု ဆိုသည် ။ ပြီးတော့ ကျောင်းအထိ
လိုက်လာ၍ အနောက်တန်းက ကောင်ဧ။် အမေနှင့်

စာရင်းရှင်းမည် ဟု ဆိုသဖြင့် အတင်းတားလိုက်ရမှငြိမ်သွားသည် ။ 

ယခု စစ် မင်းဘုန်းမြတ်ပိုင် ဧ။် အခန်းပေါက်ဝ တွင်ထိုင်တခါ ၊ ရပ်တလှည့် စောင့်နေခြင်းဖြစ်သည် ။ ကျောင်းကား မဆိုက်သေးမှန်းသိသော်လည်း စာရင်းရှင်းချင်သော စိတ်ကြောင့် အခန်းဝတွင် ခေါက်တုန့်ခေါက်ပြန်
လျှောက်နေမိသည် ။ တခြားကိစ္စ သည်းခံ၍ ရသော်လည်းအမေ့ကို မပြောနှင့် ဟု ပြောသည့်ကြားထဲက ပြောဖြစ်အောင်
ပြောသည့် ကိစ္စကို နားမလည်နိုင် ။ 

ကော်ရစ်တာ ပေါ်တွင် ခေါက်တုန့်ခေါက်ပြန် လျှောက်ရင်းကျောင်းပေါက်ဝ သို့ တချက် တချက် ကြည့်နေသည်ကို အလိုက်ကန်းဆိုး မသိသော ကျောင်းသားအချို့က"အခန်းရှာမတွေ့လို့လား ဟိုမှာလေ" ဟု လာလာပြောသွားကြသည် ။ စစ် ကျောင်းဝသို့ တချက်ကြည့်မိသောအခါအကြာကြီး မျှော်နေသော လူက ဘွားခနဲ ပေါ်ချလာ၍
သူ့အခန်းဘက် သူ လျှောက်လာသည် ။ 

Tie Up ( Completed) Where stories live. Discover now