Ep-(6)

57 9 0
                                    

"Bus(2)က တကယ်လွန်နေပြီ.."

စစ် တစ်ယောက် ကျောင်းအတွင်းသို့ မဝင်သေးဘဲကျောင်းဂိတ်ဝတွင် ထီးတစ်ချောင်းနှင့် ခေါက်တုန့်ခေါက်ပြန်လျှောက်နေသည် ။ လုံခြုံရေး ဦးလေးကြီး ပင် စစ် အား မ်က္စိ နှောက် နေဟန် တူသည် ။

ကောင်းကင်တစ်ခွင်သည် ခဲရောင်သမ်းနေကာ မိုးစက်များသည် ထီးပေါ်သို့ တဖြောက်ဖြောက် ကျနေသည်။ '' မေတ္တာရိပ် ကိုယ်ပိုင်အထက်တန်းကျောင်း ''ဟု ဆိုင်းဘုတ်တင်ထားသော ကျောင်းဝန်းကျယ်ကြီး အတွင်းသို့ အဖြူရောင်အင်္ကျီပေါ်မှ မီးခိုးရောင်အပေါ်ဝတ်အင်္ကျီ နှင့် အောက်ပိုင်းတွင်အနက်ရောင်စကပ်များ ဝတ်ထားသော ကျောင်းသူလေးများသည် ထီးများဆောင်းကာ ခပ်သုတ်သုတ် ဝင် သွားကြသည် ။ မိုးရွာနေသည့်ထဲတွင်ထီးကြီးတစ်ချောင်းနှင့် ဟိုလျှောက် ၊ ဒီလျှောက် လုပ်နေသော စစ်အား စောင်းငဲ့ကြည့်သွားကြသည် ။

ကျောင်းပေါက်ဝတွင် ဂိတ်စောင့်သည့် လုံခြုံရေးဦးလေးကြီးတစ်ဦးရပ်နေကာ ကျောင်းသားများအား ကျောင်းသားကဒ်ဆွဲထား ၊ မဆြဲထား စစ်ဆေးနေသည် ။

ကျောင်းသားကဒ် ဆြဲထားသူမ်ားကိုသာ ဝင်ခွင့်ပေးသည် ။ကျောင်းဝန်းအတွင်းမှ ဆက်သွားလိုက်လျှင် 'သစ္စာရိပ် 'ဟူသော ခုနှစ်တန်းကျောင်းသားများနှင့် ရှစ်တန်းကျောင်းသား မ်ား စာသင်သော အဆောင်အား တွေ့ရပေမည် ။ ထို သစ္စာရိပ် အဆောင်သို့မရောက်ခင်ကြားတွင် ဘေးတွင်ပန်းအိုးများချထားသော လမ်းမရှည်ကြီးပေါ်တွင် ခြေညောင်းသည် အထိ လျှောက်လိမ့်မည် ။

"ဟိုကောင်လေး... မင်း ဘာလို့ မဝင်သေးတာလဲ.."

"ကျွန်တော့် သူငယ်ချင်းက Bus(2)က ..သူ အခုထိ မရောက်လာသေးလို့.."

လုံခြုံရေးဦးလေးကြီး သည် ကျောင်းဝတွင် ရစ်သီရစ်သီလုပ်နေသော စစ်အား မသင်္ကာဖြစ်လေသလား မသိ ။ဂိတ်ဝမှနေ၍ အော်မေးသဖြင့် စစ် အမှန်တိုင်း ဖြေလိုက်သည် ။ Bus(2)သည် စစ်တို့ Bus(1) ထက် နောက်ကျသော်လည်း အကြာကြီး စောင့်ရသည်အထိတော့ မနောက်ကျဖူး ။

စိတ်ပူသည် မဟုတ်သော်လည်း ဘေးတွင် မင်းဘုန်းမြတ်ပိုင် မရှိလျှင် အတန်းတွင်း၌လည်း နေချင်စိတ်မရှိ ။
ကျောင်းဝန်းထဲ ဝင်ပြီးလျှင် ပြန်ထွက်၍မရ ။ ထို့ကြောင့် ကျောင်းပေါက်ဝတွင် တစ်ခါတည်းစောင့်နေလိုက်သည် ။

Tie Up ( Completed) Where stories live. Discover now