ep-(10)

215 15 8
                                    

"သား..အိမ်လုပ် sandwich တွေ ယူသွားဦး..မင်းဘုန်းကိုလည်း ခွဲကျွေးဦး.."

ကျောင်းကားပေါ်သို့ တက်ခါနီးတွင် အမေသည် စစ်အားအိမ်လုပ် sandwich ဘူးအား ပေးလိုက်သည် ။စစ် ထို မုန့်အား အလွန်ကြိုက်သည် ။ အထဲတွင်
မရိုးနစ် ၊ အသား ၊ ခရမ်းချဉ်သီး ၊ သခွားသီး များ ပါဝင်သည့် အိမ်လုပ် sandwich သည် ကျန်းမာရေးနှင့် ညီညွတ်သည်ဟု ကြားဖူးသည် ။ ထို မုန့်အား တစ်ခါစားပြီးလျှင် ထပ်ခါထပ်ခါ စားမိနေသဖြင့် မင်းဘုန်းမြတ်ပိုင် အား ခွဲကျွေးဖို့ ဆိုတာတော့ မသေချာ ။

ကျောင်းကားပေါ်သို့ရောက်သောအခါ ပလတ်စတစ် ဘူး အားပေါင်ပေါ် တင်ထားလိုက်သည် ။ ထိုစဉ် ရုတ်တရက်ကား ခုန်သွားသဖြင့် ပေါင်ပေါ်မှ ဗူးသည် အောက်သို့ ပြုတ်ကျ မလို ဖြစ်သွားသဖြင့် အမြန်ဖမ်းထိန်းလိုက်ရသည် ။ထို့ကြောင့် ပေါင်ပေါ်မတင်ရဲတော့ဘဲ လက်ဖြင့် ကိုင်ထားရသည် ။ 

ယနေ့  ပန်းချီ သင်မည်ဖြစ်၍ စာအုပ် အိမ်မှာ ကျန်ခဲ့မည်စိုး၍ sandwich ဗူးအား အရှေ့ခုံဧ။် ကျောဘက်မှ  စားပွဲခုံ အသေးစားလေး အား ဖွင့်၍ တင်လိုက်ရသည် ။ လွယ်အိတ်အား နှိုက်၍ စစ်ဆေးကြည့်လိုက်သောအခါ စာအုပ်နှင့်ကွန်ပါဘူး ပါသည်ကို သိရသဖြင့် စိတ်အေးရသည် ။

ပလတ်စတစ်ဗူးအား ပြန်မယူတော့ဘဲ ဒီတိုင်းပဲ ခဏတင်ထားလိုက်သည် ။ပြတင်းပေါက်အနီးတွင် ထိုင်နေသော စစ် သည် အပြင်ဘက်ရှိ ကားများ ၊ လူများ အား ငေးကြည့်နေသည် ။ရုတ်တရက် စစ် တို့ ကျောင်းကား မီးပိ္ပုင့်မိသွားသည် ။ကျောင်းကား မောင်းသော ဦးလေးကြီး သည်..

"ဒီကောင်တွေကို ရပ်ပေးနေရတာနဲ့..ငါတို့ပါ အလုပ် နှောင့်နှေးပြီ.."

ဟု ရေရွတ်နေသံကြားသဖြင့် ပြတင်းပေါက်ဘက်သို့ ပြန်ကြည့်လိုက်မိသည် ။

"ဟာ.."

စစ် တို့ ကျောင်းကား ဘေးမှ ကလေးငယ် တစ်သိုက် ဖြတ်သွားသည် ။ သူတို့ဧ။် အဝတ်အစားများသည် ဖုန်များ ၊
သဲများ ၊ အညစ်အကြေး များ ပေကျံနေကြသည် ။ သူတို့ဧ။် မျက်နှာ နှင့် ခန္ဓာကိုယ်၌လည်း ကြေးများ ၊ ဖုန်များ ကပ်ညှိနေကြသည် ။ လက်ထဲတွင် စံပယ်ပန်းကုံး လေးများအား ကိုင်ထားကြသည် ။ ကားမှန်တံခါးများအား တစ်ကားပြီး တစ်ကား ခေါက်ကာ စံပယ်ပန်းများအားလိုက်ရောင်းနေဟန်တူသည် ။ သူတို့အား ကားရပ်ပေးနေရရ၍ မီးပိ္ပုင့်မိသည်ဟု ဦးလေးကြီး ထင်နေဟန်..။ ယခင်နေ့က သူတို့အား မတွေ့ဖူးပါ ။

Tie Up ( Completed) Where stories live. Discover now