ep-(48)

213 17 10
                                    

မိုးခနေစဉ် သည် စတော်ဘယ်ရီဖျော်ရည် ခွက်ထဲတွင်ထည့်ထားသော ပိုက် အား မွှေနေသည် ။ ထိုနောက်အရှေ့တွင် ချထားသော ဖက်ထုပ်အား တူဖြင့် ညှပ်ယူမည်အပြုတွင် ဒီရေလှိုင်း သည် မိုးခနေစဉ် ဧ။် လက်အား
ရိုက်ချလိုက်သည် ။

"ဘာလုပ်တာလဲ..သူများ စားသောက်နေတာကို "

"အဲ့ဒီ့ မင်း စားသောက်နေတဲ့ မုန့်တွေ အကုန် ငါမှာထားတာပါနော်..မင်းက စားသောက်ပြီး
ငါ့ကိုတောင် အဖက်မလုပ်လို့ သတိပေးလိုက်တာ "

မိုးခနေစဉ် သည် ဒီရေလှိုင်း အား မျက်စောင်း ထထိုးသည် ။ ကိုယ်ကဖြင့် အအေးတစ်ငုံတောင် မသောက်ရသေးဘဲ မသိလျှင် ကိုယ်ကပဲ တနင့်တပိုးကြီး စားနေသလို ။
အပြင်လေး ခေါ်ပြီး အအေးတစ်ခွက်လောက်
ဝယ်တိုက်သည်ကိုပဲ လာ ဂုဏ်ဆာပြနေသည် ။ 

"ဟုတ်ပြီ..ဘာပြောချင်လဲ ပြော...ပါးစပ်က စားနေပေမဲ့နားက ထောင်နေပါတယ်ဗျာ.."

"မင်း ရဲ့ မောင်ဆိုတဲ့ တစ်ယောက်လေ..
မင်းဘုန်းမြတ်ပိုင် ဆိုတာ "

အအေး အား ငုံ့သောက်နေသော မိုးခနေစဉ် သည်ပါးစပ်ထဲမှ ပိုက်အား ကပျာကလျာ ခွက်ထဲသို့ ထွေးထုတ်၍ ဒီရေလှိုင်း အား မျက်လုံးအဝိုင်းသားဖြင့် မော့ကြည့်လာသည် ။ နောက်ဆက်တွဲစကားများအား နားထောင် ရန် အသင့်အနေအထားဖြင့် ။

"အဲ့ဒီ့ တစ်ယောက် က ချောတယ်နော်..ကျောင်းမှာကြိုက်တဲ့လူတွေ များမှာပဲနော်.."

"အစ်ကိုက မောင့် ကို ကြိုက်နေတာလား..အဲ့ဒါဆိုရင်တော့နောက်ဆုတ်လိုက်တော့..ပိုင်ရှင်အစစ်က ဒီမှာ....haha "

ဒီရေလှိုင်း သည် စစ် အား ကြိုက်နေသည် ဟု မိုးခနေစဉ် မှသိထားသဖြင့် ထိုသို့ ရယ်နိုင်ခြင်းဖြစ်သည် ။ ဒီရေလှိုင်း ဧ။် မျက်နှာပေးသည် ပြုံးစိစိ ၊ သူ့မျက်လုံးမှာမူ တစ်ခုခုအား ပြောသင့် ၊ မပြောသင့်ချင့်ချိန်နေဟန် ။ မိုးခနေစဉ် သည် ဖက်ထုပ် အား
တူဖြင့် တဖန် ညှပ်၍ စားမည်အပြုတွင်
ဒီရေလှိုင်း သည် ခပ်ထေ့ထေ့ လေသံဖြင့်..

"ရည်းစားလုဘက်တွေ ဖြစ်လာတော့မလား မသိဘူး "

"အစ်ကိုနဲ့ကျွန်တော်လား.."

Tie Up ( Completed) Where stories live. Discover now