ep-(52.2)

315 15 16
                                    

"မင်း..တကယ်ကြီး သွားတော့မှာပဲ "

ခရီးဆောင် အိတ်ထဲသို့ အဝတ်အစားများ ခေါက်ထည့်နေသောမင်းဘုန်းမြတ်ပိုင် ဧ။် လက်အစုံ ရပ်တန့်သွား၍ ကုတင်ပေါ်တွင် ထိုင်နေသော စစ် အား လည်ပြန်ကြည့်သည် ။ စစ် သည် ခရီးဆောင် အိတ် ကိုသာ
အဓိပ္ပာယ် မဲ့စွာ ထွေကြည့်နေသည် ။

"မသွားစေချင်ဘူးလား..မျက်နှာက တမျိုးပဲ "

ဟုတ်ပေသားပဲ..။ မျက်လွှာချ၍
နှုတ်ခမ်း တစ်တောင်လောက် ဆူ ထားသော
ကိုယ့်ကိုကိုယ် သတိမထားမိခဲ့ ။ ဘာမှမသိလိုက်ခင်မှာစိတ်ထဲရှိ စကားများက လွှတ်ခနဲ ထွက်သွားပြီးပြီ ။

"ငါက မသွားနဲ့ဆိုရင် မင်းက မသွားမှာကျနေတာလဲ.."

မင်းဘုန်းမြတ်ပိုင် သည် သူ့ အား ကလေးတစ်ယောက် ကိုကြည့်သည့် အကြည့်မျိုးဖြင့် ကြည့်လာသည် ။ စစ် သည်
မင်းဘုန်းမြတ်ပိုင် ဧ။် မီးခိုးရောင် hoddie အားလက်နှစ်ဖက် ဖြင့် လုံးချေ နေမိသည် ။ ဒါ စစ် ပေးခဲ့သည့် လက်ဆောင်ထဲမှ တစ်ခု ။

"မင်းက အဲ့လိုပြောတော့ ငါ တကယ် စိတ်မကောင်းဘူး..အမှန်တိုင်း ပြောရရင် မင်းကို လုံးဝ စိတ်မချဘူး."

စစ်ကို ? ။ စစ် ဒွိဟများရပြန်ပြီ ။ သူက ဘာကြောင့်စစ် အား စိတ်မချရသနည်း ။ စစ် က သူ့အတွက်ဘာမှမဟုတ်ဘူးမလား ။ သူ ကိုယ်တိုင် ဝန်ခံခဲ့ဖူးသည် ။ အမှန်မှန်ဆိုလျှင် စစ် က သာ ။

"ကျန်းမာရေး ဂရုစိုက် ၊ မတည့်တာတွေမစားနဲ့ဖုန်းလည်း လျော့သုံး ၊ မဖျားစေနဲ့ ၊ ငါ မရှိဘူး ဆိုပြီး လုပ်ချင်တိုင်း လုပ်မနေနဲ့ ၊ ဖုန်းဆက်ရင်ကိုင် "

ရပ်ဝေးမြေခြား ကို ပညာသင်သွားသည့် သူ့ကို စိတ်ပူရမယ် မရှိ ၊ကိုယ့်အိမ်ကိုယ့်ယာ တွင် အေးအေးဆေးဆေးကျန်ရစ်ခဲ့မည့် စစ် အား မဆုံးနိုင်သော မှာတမ်းခြွေနေသည် ။

ဒါတောင် အသေးစိတ် မဟုတ်သေး ။ အသေးစိတ် သာပြောမည်ဆိုလျှင် အချက်တစ်ရာ လား ။ ဒီ့ထက်ပိုလောက်သည် ။

"နောက်ပြီးတော့..."

သူ နောက်ဆက်တွဲ စကားပြောရန် အခက်အခဲ ရှိသည် ။ကျောက်တုံးကြီး တစ်တုံး လည်ချောင်း ဝ တွင်ဆို့နေသည်ဟု ထင်ရတဲ့အထိ လွယ်လွယ်ကူကူ နှင့် ထွက်လာမည့် စကားမျိုးမဟုတ် ။ နှစ်ပေါင်းများစွာ
ထွက်မလာနိုင်သော..မဖြစ်နိုင်..တမင် ပိတ်လှောင်ထားသော စကား ၊ အစသေးသေးလေးသာ မြင်ရ၍တိမ်မြုပ်နေသော စကားတစ်ခွန်း ။ 

Tie Up ( Completed) Where stories live. Discover now