ep-(11)

175 14 14
                                    

"ဒီနေ့ Physic ဆရာမ မလာဘူး.."

"ရေး...."

ဘာသာရပ်ဆရာမ များထဲတွင် အသက်ကြီးဆုံးနှင့်အလွန်အပေါက်ဆိုး သော ဆရာမ မလာဘူးဟုကာယဆရာ လာပြောသောကြောင့် တစ်တန်းလုံး
ဟန်မဆောင်နိုင်သည် အထိ ထအော်ကြသည် ။

ကာယဆရာကမူ ကျောင်းသားများကို မဟန့် ။သူလည်း Physic ဆရာမကို ကြည့်မရဖြစ်နေသည်မဟုတ်လား ။စစ်မှာမူ တစ်တန်းလုံးအား မျက်စိဒေါက်ထောက် ကြည့်၍

'ဟော..အသက်ရှူပြန်ပြီ..ဟော..ရေသောက်ပြန်ပြီ ' နှင့်

အပြစ်မရှိ အပြစ်ရှာ လိုက်မဲ နေသော physic ဆရာမ တစ်ရက်မလာလည်း ၊ တစ်ရက် နားအေး ဟု သတ်မှတ်ထား၍
အပျော်ကြီး ပျော်နေမိသည် ။ ခုံအောက်ထဲတွင် ဖွက်ထားသော ထမင်းလိပ်များ ဘူး အဖုံးပေါ်မှ တူအား မသိမသာ
ကိုင်လိုက်သည် ။ နေ့လည်က သချာၤဆရာမကြောင့်ရေပင်မသောက်ရသေး..။

"ဟိတ်.."

"အမေ့.."

ကာယဆရာသည် ရုတ်တရက် ကျားဟိန်းသံကြီး နှင့်ထ အော်လိုက်သောကြောင့် လက်ထဲမှ တူ လွတ်ကျကာပါးစပ်ကပင် ယောင်သွားသည် ။ ကာယဆရာသည်  
ဘာမဟုတ်တာ လုပ်ထားလဲ ဟူသော အဓိပ္ပာယ် ဖြင့် စစ် အား ကြည့်နေသဖြင့် လက်အား ခုံပေါ်သို့တင်ကာ ခပ်တည်တည်နေပြလိုက်ရသည် ။ ထိုအခါမှ ဆရာလည်း
စိတ်ချသွားဟန်ဖြင့်...

"သိပ်ပျော်မနေကြနဲ့..ငါနဲ့ကာယလုပ်ရမယ်.."

"ဟာ..သွားပါပြီ "

ကာယဆရာဧ။် စကားကြောင့် တစ်ခန်းလုံး စိတ်ပျက်ဟန်ဖြင့်သံပြိုင်အော်လိုက်ကြသည် ။ စစ်ကမူ အသံပင်မထွက်နိုင်
တော့ဘဲ ခုံအောက်မှ ထမင်းလိပ်အား နှမြောတသ ကြည့်မိသည် ။

ကာယဆရာသည် မုန့်မစားရသေးသော သနားစရာ ကလေးများအား ကာယလုပ်ခိုင်း၍ အသေသတ်ချင်ဟန်
တူသည် ။

"ထ..လာကြ..(A)ခန်းကိုလည်း သချာၤဆရာမကို ခွင့်တောင်းပြီးကွင်းထဲခေါ်ထားတယ်..တစ်နေ့တစ်နေ့ မင်းတို့စာချည်းလုပ်
နေတာ ကြာရင် ကျန်းမာရေးထိခိုက်မယ်..လာကြ.ထလေ..ဘာလုပ်နေတာလဲ "

သချာၤဆရာမ အား ခွင့်တောင်းသည်ဆိုတာ လုံးဝ မဖြစ်နိုင် ။အချင်းများပြီးမှ ရလာသော အချိန်ဖြစ်မည် ။ စစ်တို့ကိုပင်
နေ့လည်စာ ပေး မစား သည်အထိ လောဘကြီးသောသချာၤဆရာမ သည် သူ့အချိန်အား ဘယ်တော့မှ
အလကား မပေးတတ် ။ အချင်းများ၍ ရလာသော အချိန်မဟုတ်လျှင်လည်း သချာၤဆရာမက ကာယဆရာအား
ကြိုက်နေ၍ ဖြစ်မည် ။ပြီးတော့ (A)ခန်း ဆိုလျှင် ဟိုကျောင်းသား အား တွေ့ရလိမ့်မည် ။

Tie Up ( Completed) Where stories live. Discover now