ep-(8)

214 13 13
                                    

မင်းဘုန်းမြတ်ပိုင် အား တွန်းတိုက်ကာ ကော်ရစ်တာပေါ်တွင် ထားပစ်ခဲ့လိုက်သည် ။ စစ်ကမူဓမ္မရိပ်အဆောင်သို့ မပြန်တော့ဘဲ အတန်းထဲပြန်လာလိုက်သည် ။ အတန်းထဲတွင် လူတစ်ယောက်မှ မရှိ၍ နည်းနည်းလန့်သွားသေးသည် ။ အပြင်တွင် သန့်ရှင်းရေးလုပ်ကြမည့် အုပ်စု နှင့် အလုပ်အကြောင်းပြ၍ခြေ ရှည်နေကြမည့် အုပ်စု နှစ်စုကွဲကာ တစ်ခန်းလုံး အပြင်သို့ ရောက်သွားကြခြင်း ဖြစ်မည် ဟု စဉ်းစားမိတော့မှ စိတ်အေးရသည် ။

"ဟားဟားဟား... "

"အဟွတ်ဟွတ်.."

ယခုမှ ရေဆာနေသည်ကို သတိရသဖြင့် ရေသန့်ဗူးအား ယူကာ အားရပါးရ သောက ချလိုက်သည် ။ အနောက်မှ ခပ်ကျယ်ကျယ် ရယ်သံဆိုးကြီးကြောင့် ရုတ်တရက် ဒိတ်ခနဲ လန့်သွားသည် ။ ထို့နောက် နှာခေါင်းအတွင်း၌ ရေမွန်းသည့်ခံစားချက်ကြီး ဖြစ်လာတော့သည် ။ လည်ချောင်းအတွင်း၌လည်း ရေများဆို့နင်နေသည် ။

ဒေါသတကြီး အနောက်သို့လှည့်ကြည့်လိုက်သောအခါမင်းဘုန်းမြတ်ပိုင် သည် အခန်းပေါက်ဝ၍ တံခါးအား မှီ၍ လက်ပိုက်ကာ ရပ်နေသည် ။ ထို့ပြင် စိတ်ပျက်စရာကောင်းလောက်သည့် ရယ်သံမျိုးဖြင့်စစ် အား ကြည့်ကာ ရယ် နေသည် ။

"ရုတ်တရက်ကြီး ဘာအရူးထတာလဲ..မင်းကြောင့် ငါ လန့်သေတော့မလို့.."

"ဟားဟားဟား.. "

ရေသန့်ဗူးအား အံဆွဲအတွင်းသို့ ပြန်ထည့်ရင်း မေးလိုက်သော်လည်း မင်းဘုန်းမြတ်ပိုင် ဧ။် တုန့်ပြန်မှုမှာ ရှေးခတ်က စုန်းမအိုကြီးများ ရယ်သည့်ရယ်သံတဲ့..။

"မင်း ဘယ်လိုဖြစ်လာတာလဲ..သရဲခြောက်ခံရတယ်ဆိုတာ..ပြောပါဦး.."

"မင်းဟာမင်း သရဲကို သွားမေး.."

အစက ဖြစ်ရပ်မှန် အစ / အဆုံး ပြောပြရန် စိတ်ကူးထားသော်လည်း ယခု သူ့အား လှောင်ရယ် ရယ် သဖြင့် အမြင်ကပ်ကပ်နှင့် တမင် နင်သွားအောင် ပိတ်ပြောလိုက်သည် ။ တကယ် နင် သွားတယ် ထားသည် ။

ဘာမှဆက်မပြောတော့ ။ သို့ရာတွင် ခပ်တိုးတိုး ကြိတ်ရယ် သံ အား ကြားလိုက်ရသည် ။

" ရယ်ရလွန်းလို့ အာတွေခြောက်နေပြီ..စစ်..ရေနည်းနည်းတိုက်ဦး..

Tie Up ( Completed) Where stories live. Discover now