ep-(37)

225 11 19
                                    

"စာအုပ်စာပေ လူ့မိတ်ဆွေ.."

အဝါနုရောင် ဆေးသုတ်ထားသော စာကြည့်တိုက်နံရံပေါ်တွင်ချိတ်ဆွဲထားသော ဆိုင်းဘုတ်အား စစ်အသံထွက် ဖတ်လိုက်မိသည် ။ စာကြည့်တိုက်၌သာ
အချိန်ဖြုန်းခဲ့သည်မှာ တစ်ပတ်ကျော်လေပြီ ။

မင်းဘုန်းမြတ်ပိုင် ထံမှ တောင်းပန်စကား ကြားရရန် မျှော်လင့်ခဲ့သော်လည်း
နာကျင်ရရုံသာ အဖတ်တင်သည် ထို့ကြောင့် ကျောင်းကားပေါ်တွင်လည်း မိုးခနေစဉ် နှင့်
အတူမထိုင် ၊ အတန်းထဲတွင်လည်း ထို အတွဲကိုဆိုလျှင်သုံးဆယ့်တစ်ဘုံ၌ မရှိ ဟု သဘောထားလိုက်သည် ။မျက်နှာချင်းလည်း မဆိုင် ၊ စကားလည်း မပြောတော့ ။

အကယ်၍ မင်းဘုန်းမြတ်ပိုင် သာ စစ် အား
တောင်းပန်စကား ဖြစ်ဖြစ် ဆိုခဲ့မည်ဆိုလျှင်
စစ် အချိန်မရွေး နားလည်ပေးမည်ဖြစ်သည် ။ သို့သော် မျှော်လင့်စရာ နှီးတစ်ပြားမျှမရှိ၍ စစ်က စ၍ရှောင်နေလိုက်သည် ။ စစ် လည်း လူသားတစ်ယောက်ဖြစ်၍ အရာအားလုံး 
perfect မဖြစ်နိုင်မှန်း သိသော်လည်း ကိုယ် ချစ်သည့်လူတစ်ယောက်ထံမှ ရွံတယ် ဟူသော စကားကြားရန်မတန် ဟု ကိုယ့်ကိုကိုယ် သတ်မှတ်ထားသည် ။ 

" ထူးခြားဆန်းပြား ပရလောက ဖြစ်ရပ်ဆန်းများတဲ့.."

စစ် သည် စင်ပေါ်မှ ရုပ်ပြစာအုပ် တစ်အုပ်အားဆွဲယူ၍ လူရှင်းသော ထောင့်စွန်းရှိ ထိုင်ခုံပေါ်တွင်အေးဆေးထိုင်ဖတ်နေသည် ။ သို့သော် စာကြည့်တိုက် စည်းကမ်းအရ တိတ်ဆိတ်နေကြသဖြင့်မည်သည့်နေရာမဆို အဆင်ပြေလှပါသည် ။ 

"ဟို ကောင်လေး စစ်လကျာ်.
ကျောင်းတက်တော့မယ်..ငှါးသွားပါလား.."

"ဟုတ်.."

စာကြည့်တိုက် သို့ မပျက်မကွက်လာ၍ စာအုပ်ဆိုလျှင်တစ်ထိုင်တည်း သုံး ၊ လေး အုပ် ဖတ်၍ ငှါးလျှင်လည်းလေး ၊ ငါး အုပ် ငှါးတတ်၍ အနည်းဆုံးစာကြည့်တိုက်မှ စာအုပ်ယူမဖတ်လျှင်တောင်
ကျောင်းစာအုပ်များ ယူလာ၍ စာလုပ်တတ် သည်တကြောင်း ၊ ထူးချွန်ကျောင်းသား ဖြစ်နေသည် တကြောင်းစာကြည့်တိုက်မှူး ဆရာမ သည် စစ် အားသတိထားမိနေသည် ။ 
"ကောသလမင်းကြီး ရယ် ၊ ထူးခြားဆန်းပြား ပရလောကရယ် ၊မဟာမြတ်မုနိ ဘုရားသမိုင်း ရယ် နော်..."

Tie Up ( Completed) Where stories live. Discover now