Ep-(5)

88 9 0
                                    

"ဆရာမ..မုန့်စားဆင်းပြီးနေပြီ.."

"၅မိနစ် ဆိုပြီးပြီ သား "

ဆရာမသည် စစ်တို့ဧ။် အချိန်များအား အမြဲခိုးယူသည် ။ခိုးယူသည်ဟု ပြော၍ မရ ။ တမင် ဓားပြတိုက်ယူခြင်းဖြစ်သည် ။ စစ် တို့ဧ။် အချိန်များကို သာမက bioဆရာမဧ။် အချိန်များကိုပင် လုယူလိုက်သေးသည် ။ ပုစ်ဆာများအား သချာင်္အချိန် အတန်းစကတည်းက မနားစမ်းတွက်ရသည် ။
ထို့ပြင် Bio အချိန်ရောက်သည့်အခါတွင်လည်းထွက်မပေးဘဲ သချာင်္ကိုသာ ဆက်သင်သည့်အတွက်Bio ဆရာမနှင့် စကားများပြီးပြီ ။ ယခုလည်းမုန့်စားဆင်းချိန်အထိ သချာင်္များအား မနားစတမ်းသင်နေဆဲ..။

စစ် သည်းမခံနိုင်စွာ မတ်တပ်ထ၍
ပြောလိုက်သောအခါ ၅မိနစ်..တဲ့..။ သို့ရာတွင် လွန်ခဲ့သည့် ၅မိနစ်ကလည်းထို စကားမျိုး ပြောခဲ့ဖူးသည် ။

(ဗိုက်ဆာလိုက္တာကွာ)

ဘေးအခန်းရှိ ဖြတ်သွားဖြတ်လာ ကျောင်းသားများသည်စစ် တို့ဧ။် အခန်းအား
သနားစရာ တိရိစ်ဆာန်ကလေးများအား ကြည့်သကဲ့သို့ ကြည့်သွားကြသည် ။ တချို့ဆိုလျှင်ပြုံးစစ ဖြင့် လှမ်းကြည့်သွားသေးသည် ။သူတို့ဧ။် စိတ်ထဲတွင်တော့ "Bခန်းအတွက် မျက်ရည်တစ်စက်ခွဲ " ဟူ၍ ပြောနေကြလိမ့်မည် ။

အပြင်ပမ်းတွင် တေမိမင်းလုပ်၍ ပါးစပ်ပိတ်နေသော်လည်းစိတ်ထဲတွင် မျိုးစုံအော်ဟစ်နေသည် ။ ဆဲတော့မဆဲပါ ။မိုးတွင်းဖြစ်၍ မိုးကြိုးပစ်မည်ကိုတော့ စစ် ကြောက်သည် ။

သို့ရာတွင် မိုးကြိုး နှင့် မိုးရာသီအကြောင်း စစ် ခေါင်းထဲတွင်မရှိပါ ။

"ဝုန်း..."

အေရးထဲ စစ် ဧ။် အံဆွဲအတွင်းမှ ဇစ်ဖွင့်ထားသော လွယ်အိတ်သည် ကြမ်းပြင်ပေါ်သို့ ပွင့်လျက် ပြုတ်ကျသွားသည် ။ အထဲမှ စာအုပ္မ်ား ၊ ဘောပင် အိတ် ၊ထောက်ချွန်ဘူး မ်ား ပရမ်းပတာ ထွက်ကျလာသည် ။ဆရာမ စာရှင်းသံကလွဲ၍ တိတ်ဆိတ်နေသောအခန်းသည် စစ် ဧ။် လွယ်အိတ်တစ်လုံးကျသံသည်
အနုမြူဗုံးပေါက်ကွဲ သံ ထက် ပိုကျယ်နေသလားမသိ ။

်တစ်ခန်းလုံး ဧ။် မျက်လုံးများသည် စစ် ထံသို့ အပြုံလိုက်ရောက်လာကြသည် ။စစ် ထိုင်ခုံတွင် ထိုင်နေရာမှ ကြမ်းပြင်ပေါ်သို့ ဒူးတစ်ဖက်ထောက်ကာ ကျနေသော စာအုပ္မ်ားအားကောက်ယူ၍ လွယ်အိတ်အတွင်းသို့ ပြန်ထည့်ရသည် ။

Tie Up ( Completed) Where stories live. Discover now