ep-(4)

333 17 34
                                    

တနင်္လာနေ့ကို မုန်းလိုက်တာ ကွာ....။

သန့်ရှင်းရေးမလုပ်ချင်သဖြင့် တံမြက်စည်းကြီးတန်းလန်းနှင့်စစ် သည် အတန်းထောင့်တစ်နေရာ၌ တမင်တကာပေ၍ ရပ်နေလိုက်သည် ။

တနလာၤနေ့... ။ စစ် အပါအဝင် တစ်ကျောင်းလုံးဧ။် ဘဝတွင်အမုန်းဆုံးနေ့ဖြင့် နေရာယူထားသော နေ့တစ်နေ့ ဖြစ်သည်။ကျောင်းဓလေ့အရ တနင်္လာနေ့တွင် ကျောင်းသား အားလုံး ကျောင်းသို့ အခြားရက်များထက်ပို၍ ၁နာရီခန့်စောလာရကာထုံးစံအတိုင်း မိမိအတန်းနှင့် ပတ်ဝန်းကျင်အားသန့်ရှင်းရေးလုပ်ကြရသည် ။

တနလာၤနေ့မှအပ ကျန်သည့်နေ့များတွင် သန့်ရှင်းရေးဝန်ထမ်းများက သန့်ရှင်းရေးအတွက် တာဝန်ယူကြသော်လည်း ကျောင်းသားများ တာဝန်ယူစိတ်ရှိရန် ၊ မိမိနေရာအား သပ်ရပ်စွာ ထားတတ်သည့် အလေ့ကျင့်ရရှိရန် ၊ ဟူသော ရည်ရွယ်ချက်ဖြင့် ကျောင်းအုပ်ဆရာမကြီးသည်
စစ်တို့တစ်ကျောင်းလုံးအား တနင်္လာနေ့တိုင်း နှိပ်စက်လေသည် ။ မရှိရှိသည့် ဖုန်၊သဲများအား လှည်းကျင်းရသည်မှာ အလွန်စိတ်ပျက်ဖွယ်ကောင်းသည် ။

ယခင်က အမေဧ။် အမိန့်အရ ၇နာရီမထိုးခင် စာထကျက်ရသော စစ္ခမ်ာ တနလာၤနေ့ဆိုလျှင် ၆နာရီမထိုးခင် ထကာ စာကျက်ရသည်။ညကလည်း ရုပ်ရှင်ကြည့်ထား၍ ညဥ့်နက်မှ အိပ်ရာဝင်သည် ။ ယခုလည်း စောစောထရသဖြင့် အိပ်ရေးမဝကာ လူက စိတ်မကြည်မလင် ဖြစ်နေသည် ။

ထို့ကြောင့် တမင် တံမြက်စည်းတစ်ချောင်းဆွဲကာအခန်းထောင့်၌ ရပ်နေလိုက်သည် ။

"စစ်..တံမြက်စည်းကြီး ကိုင်ပြီး သေနေတာလား..မသေနဲ့..နောက်မှသေ..အခုတော့ အတန်းရှေ့ကသဲတွေကို လှည်းပေးဦး.."

စစ် အား လှမ်းအော်လိုက်သူမှာ အတန်းပိုင် ဆရာမ မဟုတ်ပါ။ သူ့အား အမြဲတမ်း အကောင်းမပြောတတ်သည့်တစ်ယောက်တည်း သော မင်းဘုန်းမြတ်ပိုင် သာဖြစ်သည် ။

မတ်တပ် ဂေါ်ပြားကြီးတစ်ခုအား ကိုင်၍ အတန်းဝမှ နေ၍လှမ်းအော်လိုက်ခြင်းဖြစ်သည် ။ စစ် မကြားဟန်ဆောင်ကာ တစ်ဖက်သို့ လှည့်လိုက်သည် ။

မင်းဘုန်းမြတ်ပိုင် အား အတန်းခေါင်းဆောင် ဝိုင်းမြှောက် သော်လည်း အတန်းခေါင်းဆောင် ရာထူးအား လက်မခံ သည့် အကြောင်းရင်းကို စစ် လုံးလုံးသဘောပေါက်သွားသည် ။မင်းဘုန်းမြတ်ပိုင် သည် စစ် တစ်ယောက်တည်းအားကွက်၍ ဆရာလုပ်ချင်ရန် မူပိုင်ယူထားခြင်းဖြစ်သည် ။

Tie Up ( Completed) Where stories live. Discover now