ep-(20)

181 13 12
                                    

စစ် ထင်ထားသည့် အတိုင်းပင် နောက်တစ်နေ့ နံနက်ရောက်သောအခါ မိုးခနေစဉ် ဧ။် အမေက နာရေးဖိတ်စာလာပို့သည် ။ စစ်ဧ။်အမေသည် စိတ်မကောင်းခြင်းကြီးစွာ
စုပ်တသတ်သတ် ဖြစ်နေသည် ။ စစ်ကတော့ သိပြီးသားဖြစ်နေသည် ။

"အမေ..သွားမှာလား..ဟိုကိုလေ.."

လက်ထဲမှ ဖိတ်စာအား ဖတ်ရင်း အမေ့အား လှမ်းမေးလိုက်သည် ။ ကြက်သွန်နီနွှာနေသော အမေကစစ် ဘက်သို့ လှည့်ကြည့်လာ၍..

"အမေတို့နဲ့ အန်တီဒေါ်လှကြည် တို့က ရင်းနှီးတယ်ဆိုတော့သွားရမှာပေါ့..အသုဘတော့လိုက်မပို့ပေးနိုင်ဘူးလေ..ခဏနေမှ ကူငွေသွားပေးလိုက်မယ်.."

"သားလည်း ခဏလိုက်ချင်တယ်.."

စစ် ဖိတ်စာရွက် အား ဘေးသို့ချကာ မေးလိုက်သည် ။ အမေ သည် အံသြတကြီး လှည့်ကြည့်လာကာ..

"သားက ဘာလိုက်လုပ်မလို့လဲ.."

"သား သူငယ်ချင်း ရဲ့ ဖွားလေးမို့ပါ..သူလည်း တော်တော်စိတ်မကောင်းဖြစ်​နေတယ်.."

"လိုက်ရင်လည်း ပြင်ထားပေါ့ကွယ်.."

အမေ သည် ကြက်သွန်ဗန်းအား ယူ၍ မီးဖိုချောင်ထဲသို့ဝင်သွားသည် ။ စစ် လည်း အပေါ်ထပ်သို့တက်လာလိုက်သည် ။
စစ် အခန်းထဲသို့ ရောက်သောအခါ မိုးခနေစဉ် အား ဖုန်းခေါ်ကြည့်သော်လည်း စက်ပိတ်ထားသည် ချည်း သာအော်နေသည် ။ စစ် လည်း နောက်မှလူကိုယ်တိုင်တွေ့ကြည့်မည် ဟု တွေးလိုက်မိသည် ။ ထို့နောက်
အိပ်ရာပေါ်သို့ လှဲကာ ဖုန်းဖြင့် ဟိုကြည့် ၊ ဒီကြည့်လုပ်နေသေးသည် ။ 

လူကသာ ဖုန်းကြည့်နေသော်လည်း စိတ်က မိုးခနေစဉ်အဆင်ပြေပါ့မလား ဟု ခဏခဏတွေးနေမိသည် ။ဖုန်းကြည့်ရသည်မှာလည်း စိတ်မပါတော့သဖြင့် ဖုန်းအား
ပိတ်ကာ အနက်ရောင်အပေါ်ထပ် အကျႌတထည်အားကောက်စွပ်၍ အပြင်ထွက်ရန် အောက်ထပ်သို​ြဆင်းသွားသည် ။

"ဘယ်သွားမလို့လဲ.."

မီးဖိုထဲတွင် ကြက်သွန်ကြော်နေသော အမေက စစ် အားလှမ်းကြည့်၍ အော်ပြောသည် ။ စစ်လည်း ဧည့်ခန်းမှနေ၍..

"ခဏသွားမလို့..သူတို့အခုဆို ပြန်လာလောက်ပြီ.."

"ဟဲ့..ဟဲ့..အော်..အမေကိုတောင် မစောင့်ဘူး.."

Tie Up ( Completed) Where stories live. Discover now