ep-(46)

231 18 12
                                    

"မနက်ဖြန် မင်း မွေးနေ့ဆို..ကိုယ် တစ်ရက်ပိတ်ပေးရမလား.."


ဒီရေလှိုင်း သည် စာအုပ်ထုတ်နေသော စစ် အား

မေးလိုက်သောအခါ စစ် သည် ဒီရေလှိုင်း အား

ပြန်ကြည့်၍...


"ဒုတိယအစမ်း ခရစ္စမတ်အတွက် ကျောင်းပိတ်ကတည်းက

ဒီလို စိတ်ကူးမျိုး ရှိရမှာ.."


ဒီရေလှိုင်း ဧ။် အသင်အပြ ကောင်းမှုကြောင့် ဒုတိယအစမ်း

စာမေးပွဲအား ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့သည် ။

ကျောင်း ပိတ်နေသည့်တိုင် စာ လောဘကြီးသော

ဒီရေလှိုင်း သည် မိဘများနှင့် တိုင်ပင်၍

စာဆက်သင်နေမြဲ ။


"အဲ့ဒါဆို ခရစ္စမတ်နောက်ပိုင်းရက်တွေ ပိတ်ပေးမယ်

ဒီနေ့ တစ်နေကုန် စာသင်ရမယ်.."


"အဲ့လို မလုပ်ဘဲ ပုံမှန်အတိုင်းသင်ရအောင်..ဒီတိုင်း

ပိတ်ပေးရင်တော့ ပိုကောင်းတာပေါ့..အစ်ကို့

သင်တန်းသားတွေကိုကျ နှစ်ပတ်တောင်

ပိတ်ပေးထားပြီးတော့များ.."


ဒီရေလှိုင်း သည် သူ့အား အစ်ကိုကြီး ဟု ခေါ်လျှင်

အသက် နှစ်ဆ ၊ သုံးဆ ကြီး သွားသဖြင့် အစ်ကို ဟု

ခေါ်ရန် တောင်းဆိုခဲ့သည် ။ စစ် လည်း အပမ်းမကြီးသဖြင့်

ပြောသည့်အတိုင်း ခေါ်ပေးလိုက်သည် ။


"အင်း​ပေါ့ အစ်ကို့ သင်တန်းသားတွေ နဲ့ ကျွန်တော်က ဘယ်တူပါ့မလဲ..နားလည်ပါတယ် "


"ဒါပေါ့..ကိုယ့် သင်တန်းသားတွေနဲ့ မင်းနဲ့ မတူဘူးလေ.."


ဒီရေလှိုင်း သည် သူဧ။် သင်တန်းသားများနှင့် ပိုရင်းနှီးသဖြင့်

ပိတ်လိုက ပိတ် ၊ ဖွင့်လိုက ဖွင့် လုပ်နိုင်သည် ။ စစ် နှင့်

Tie Up ( Completed) Where stories live. Discover now