ep-(22)

174 12 12
                                    

"သား...သက်သာရဲ့လား.."

စစ် နိုးနိုးချင်းတွေ့လိုက်ရသည်မှာ မျက်နှာကြတ်ဖြူဖြူကြီးတစ်ခု ။ စစ် လည်း မျက်လုံးကစား၍ ဝေ့ကြည့်လိုက်သောအခါ
အဖြူရောင် ဆေးသုတ်ထားသော နံရံများနှင့် အခန်းကျယ်ကျယ်တစ်ခု ဖြစ်နေသည် ။ စစ် အိပ်နေသော အိပ်ရာမှာလည်း
ဖြူစွတ်နေသော မွေ့ရာတစ်ခု ။ စစ် ကိုယ့်ကိုကိုယ် ပြန် ကြည့်လိုက်သောအခါ အဖြူရောင် လူနာဝတ်စုံအားဝတ်ထား၍ လက်ထဲတွင် အားဆေးပုလင်းချိတ်ထားသည် ။

ဘေးနားရှိ စားပွဲတစ်ခုရှိ ပန်းအိုးထဲတွင် ဒေစီပန်းများအားတွေ့ရသည် ။ဘေးတွင် ထိုင်စောင့်နေသော အမေ သည် စစ် အား
စိုးရိမ်တကြီး မေးသောအခါ စစ် က ဘာမှမမှတ်မိသလို ပြူးကြောင်ကြောင် ကြည့်နေသည် ။

"သား ညက ဗိုက်အောင့်လို့ ဆေးရုံတင်ရတာ..ဆရာဝန်ကအပူအစပ်တွေ စားလွန်းလို့ အစာအိမ်ထိသွားတာတဲ့..အသက်အန္တရာယ် မရှိလို့ တော်သေးတာပေါ့ကွယ်.
၃,၄ရက်လောက် နေပြီးရင် ဆေးရုံက ဆင်းရမှာပါ..ဒီ ကြားထဲမှာ အမာစာတွေ စားလို့မရသေးဘူး..
ဆေးရုံက စီစဉ်ပေးလိမ့်မယ်.."

"ဟုတ်.."

စစ် လောလောဆယ် ဘာမှမပြောချင်သေးတာကြောင့်အမေ့အား ခေါင်းညိမ့်ပြလိုက်သည် ။

"သား..သူငယ်ချင်းရောက်နေတယ်..သမီးတို့လာခဲ့လေ..သားတို့ လွတ်လွတ်လပ်လပ် စကားပြောကြ.. "

အမေ သည် စစ် တို့ လွတ်လွတ်လပ်လပ် စကားပြောရန်အပြင်သို့ ထွက်ပေးသည် ။

စစ် မည်သူများလဲ ဟု တွေးကာ အခန်းထဲသို့ ဝင်လာသူကိုကြည့်လိုက်သည် ။ အရှေ့မှလာသော မိန်းကလေးအားစစ် မသိသဖြင့် မျက်မှောင်ကျုံ့သွားသော်လည်း
အနောက်မှ ဝင်လာသော မေဒါဒါဦးအား တွေ့တော့မှစစ် ခေါင်ထောင်ကြည့်ရာမှ ပြန်လှဲလိုက်သည် ။

"အော်..ဒါ ငါ့အစ်မ မြပုလဲခင်..ဒီကျောင်းက ပဲ... သူ့အဖေကဒီက ဆရာဝန် သူက နင့်ကိုတွေ့ဖူးထားတော့ သိနေတယ်လေ..
အဲ့ဒါ ငါလည်း သူ့အဖေက တဆင့် နင့်သတင်းကြားလို့ငါလိုက်လာတာ..နင် သက်သာရဲ့လား.."

မေဒါဒါဦး သည် သူမလက်ထဲမှ ကာနေးရှင်း ပန်းအိုးတစ်လုံး စစ် စားပွဲပေါ်သို့ တင်လိုက်သည် ။ စစ် က ယူကိုင်ကြည့်သောအခါ...

Tie Up ( Completed) Where stories live. Discover now