Chapter(38-2) - ငါးရိုး

5.1K 1K 23
                                    

Unicode

အခန်း(၃၈-၂) - ငါးရိုး

"ဟင်?"

သွမ့်ယွမ်ရဲ့ စိတ်နေစိတ်ထားက ကောင်းမွန်တာကြောင့် လူလတ်ပိုင်းကြီးတွင် အထင်အမြင်ကောင်း အနည်းငယ်ရှိနေသည်။ သူက ခဏလောက် စဉ်းစားပြီးနောက်မှာ မသေမချာနဲ့ပြောလာ၏။

"မိန်းမငယ်လေးကိုတော့ မတွေ့မိဘူး ဒါပေမဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက....သူမနဲ့ ဆင်တူတဲ့သူ တစ်ယောက်တော့ တွေ့ခဲ့တယ်, အဲဒါက လူငယ်လေးတစ်ယောက်"

အာ??

ခဏလောက် ရပ်တန့်ပြီးနောက်မှာ သူက ထပ်ပေါင်းပြောသည်။

"တော်တော်လေးချောတယ်....သူ့ပုံစံက ခင်ဗျားပြောတဲ့ မိန်းမငယ်လေးနဲ့ ဆင်တူတယ်....ကိုးဆယ်ရာခိုင်နျုန်းလောက် တူပေမယ့် မေးစေ့မှာ အမာရွတ်မရှိဘူး.... သူကနည်းနည်းလည်း ပိုကြိးသလိုပဲ, သူတို့က မောင်နှမတွေများလား?"

ရှန်ကျစ်ရှန်းက တွန့်ဆုတ်သွားမိသည်။

"ကျွန်တော်မသိဘူး....."

သွမ့်ယွမ်က သူမမှာ အကိုတို့ညီမတို့ ရှိတာကို တစ်ခါမှ ထုတ်မပြောဘူးတာကြောင့် ရှန်ကျစ်ရှန်းသည်လည်း မသေချာပေ။

လူလတ်ပိုင်းကြီးက တစ်စုံတစ်ရာပြောဖို့ ပြင်လိုက်တဲ့အချိန်မှာပဲ ရုတ်တရက် ရန်ကျင်းကိုင်ထားသည့် ဝိညာဉ်ပစ္စည်းကို ကြည့်လိုက်မိသည်။ သူ့မျက်လုံးများက တောက်ပသွားကာ ချက်ချင်းပင် တစ်ခြားအရာများကိုမှတ်မိဖို့အတွက်ကို အရမ်း စိတ်လှုပ်ရှားသွားလေသည်။

"ယောက်ရှန်းကျောက်စိမ်း!"

ဒါက သူရှာနေတဲ့ ဝိညာဉ်ကျောက်စိမ်းပဲ!!!

သူ့ဝါးချောင်းတွေကို ပြုပြင်ချင်တာက ကြာပြီဖြစ်ပြီး ယောက်ရှန်းကျောက်စိမ်းက စံပြပစ္စည်းဖြစ်သည်။ ကံမကောင်းစွာနဲ့ ပစ္စည်းက အရမ်းကိုအဖိုးတန်လွန်းကာ အလွန်ရှားပါးသည့်အပြင် အလွန်လည်း နည်းပါးသည်။ နှစ်အတော်ကြာအောင် လိုက်ရှာနေတာတောင် မတွေ့ခဲ့ပေ။ လက်ရှိမှာတော့ ရန်ကျင်းက ဝါးချောင်းအကုန်လုံးကို သန့်စင်ဖို့ လုံလောက်တဲ့အထိ ကြီးမားတဲ့အပိုင်းကို ကိုင်ဆောင်ထားသည်လေ!

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now