Chapter(37-2) - ကျွန်တော်ရှိတယ်

5.3K 1.1K 22
                                    

Unicode

အခန်း(၃၇-၂) - ကျွန်တော်ရှိတယ်

ရှန်ကျစ်ရှန်းက သွမ့်ယွမ်အကြောင်း ပြောလာတာကို ကြားလိုက်သောအခါ ရန်ကျင်းရဲ့ မျက်လုံးက ဖြတ်ခနဲဖြစ်သွားပြီး အရမ်းကိုမြန်လွန်းတာကြောင့် စက္ကန့်ပိုင်းအတွင်း ပျောက်ကွယ်သွား၏။ သူ့အကြည့်က နောက်တစ်ဖန် ပြန်တည်ငြိမ်သွားပြီး အသံတိုးတိုးဖြင့် မေးလိုက်သည်။

"မသက်မသာ ဖြစ်နေသေးလား?"

"ငါအဆင်ပြေတယ်"

ထိုအကြံဉာဏ်များထုတ်၍ ဖြေရှင်းသည့် ကိစ္စရပ်ကြီး အဆုံးသတ်ပြီးနောက်မှာ ရှန်ကျစ်ရှန်းက ပင်ပန်းနွမ်းနယ်စွာဖြင့် သန်းဝေလေသည်။ သူက ငိုက်မြည်းနေပြီး ထုံထိုင်းစွာဖြင့် မျက်လုံးများမှိတ်လိုက်သည်။

"ငါ့ကိုဂရုစိုက်ပေး, အဲ့ဒီဟာတွေကို မထိမိစေနဲ့....."

ထိုသို့ပြောရင်းဖြင့် သူ့အသံက ဖြည်းညှင်းစွာ တိုးသွားသည်။ သူ့ရဲ့ ပေါ့ပါးတဲ့ အသက်ရှုသံက ရန်ကျင်းရဲ့ လည်ပင်းအား ထိခတ်နေပြီး အနည်းငယ်စိုစွတ်၍ အနည်းငယ် နွေးထွေးစွာဖြင့် ရန်ကျင်းရဲ့ နှလုံးသားအား ရေကန်ထဲ ပြုတ်ကျသွားသလိုမျိုး ပွတ်တိုက်နေသည်။

သူက ထိုပုံစံအတိုင်းဖြင့်ပင် ရှန်ကျစ်ရှန်းအား တိတ်တဆိတ် ထွေးပွေ့ထားလိုက်လေသည်။ အချိန်အတော်လေးကြာမှ အနည်းငယ် ငုံ့လိုက်၍ ရှန်ကျစ်ရှန်းရဲ့ ဖြူဖျော့ဖျော့ မျက်နှာအား ကြည့်လိုက်သည်။ သူ့မျက်လုံးများက ကြည်လင်ပြီး သူ့အကြည့်က တည်ငြိမ်နေသည်။ သို့သော် ထိုခဏမှာ သူဘာတွေးနေလဲ ဆိုတာတော့ မရှင်းလင်းပေ။

အိပ်ပျော်သွားပြီးနောက်မှာ သူ့လက်ကို ဆုပ်ထားတဲ့ ရှန်ကျစ်ရှန်းရဲ့ လက်က အနည်းငယ် ပြေလျော့သွားသည်။ ရန်ကျင်းက သတိပြုမိလိုက်၏။ သူက သူတို့ရဲ့ ယှက်နွယ်နေတဲ့ လက်များအား အနည်းငယ် ဖြေလျော့လိုက်ပြီးနောက် ဖြည်းညှင်းစွာဖြင့် သူ့လက်ချောင်းများနဲ့ ရှန်ကျစ်ရှန်းရဲ့ လည်ချောင်းများအား တင်းတင်းကြပ်ကြပ် ပြန်ဆုပ်ကိုင်လိုက်လေသည်။

(Completed) ဆရာဖြစ်ရတာမလွယ်ဘူး (ဆရာျဖစ္ရတာမလြယ္ဘူး)Where stories live. Discover now