အပိုင်း(၂)

17.2K 1.7K 277
                                    

"အစော"

နာမည်ခေါ်သံလေးနှင့်အတူ ဘေးမှာလာထိုင်သည့်မောင့်ကိုစောလွန်းခပ်ရဲ့ရဲ့ပြုံးပြလိုက်သည်။သူ့အပြစ်သူသိသည့်မောင်ကတော့ဖြင့်  မလုံမလဲဖြစ်ကာစောလွန်းကိုတစ်ချက်ကြည့်ပြီးမျက်နှာလွှဲသွားသည်။

"မောင်နောက်ကျပြန်ပြီ"

"မောင်တောင်းပန်ပါတယ် ခင့်ကိုနှစ်သိမ့်ပေးနေလို့နည်းနည်းနောက်ကျသွားတာ"

ခင်နှင်း...မောင်၏အချစ်ဆုံးငယ်သူငယ်ချင်းမလေး။မောင်နှင့်ဘယ်လောက်ထိခင်သလဲဆိုလျှင် ချစ်သူဖြစ်သောစောလွန်းတောင်မှ မခင်နှင်းနှင့်ယှဥ်လျှင် အနောက်ကိုရောက်ရပါသည်။

မောင်ပြောသော နည်းနည်းနောက်ကျသွားတယ်ဆိုသည့်အချိန်ဟာ နှစ်နာရီလောက်ကြာမြင့်ကြောင်း မောင်သတိထားမိဟန်မတူပါ။မောင့်ကိုမေးချင်မိပါသည်။ သူငယ်ချင်းကိုနှစ်သိမ့်ပေးနေသည့်အချိန် ရွာအပြင်ဘက်ကစေတီပျက်ကလေးမှာချစ်ရသူတစ်ယောက်တည်းစောင့်နေရမယ်ဆိုတာကို သတိများမေ့နေသလားလို့။

မဖြစ်သင့်မချစ်သင့်သည့်အချစ်မျိုးနှင့် ချစ်သူတွေဖြစ်နေကြသော မောင်နှင့်စောလွန်းဟာ လူသိရှင်ကြားမသွားလာရဲပါ။ယခုလို ရွာအပြင်ဘက်မှာသာတွေ့ကြရတာကြောင့် ဒီစေတီပျက်လေးကစောလွန်းတို့နှစ်ယောက်တည်းအတူရှိနေကျနေရာလေးဖြစ်လာရသည်။

"အင်း ရပါတယ်မောင်ရဲ့"

ရင်ထဲမှာသူ့သူငယ်ချင်းလောက်တောင်ငါကအရေးမပါပါလားဆိုတဲ့အတွေးနဲ့ခံရခက်နေပေမဲ့ အပူရုပ်ကိုဟန်လုပ်ကာခွင့်လွှတ်ပေးရသည်ကစောလွန်းသက်လယ်ဆိုသော အချစ်ရူးကောင်လေးတစ်ယောက်သာ။

'စချစ်သူထက် ဆက်ချစ်သူကပိုတယ်'ဆိုတဲ့စကားကစောလွန်းအတွက်သိပ်ကိုမှန်တယ်။

ရွာရဲ့ကာလသားခေါင်းဆောင်ဖြစ်တဲ့မောင်က ခပ်အေးအေးကျောင်းဆရာလေးစောလွန်းကိုလွန်ခဲ့သည့်၃လလောက်ကချစ်ရေးဆိုခဲ့သည်။ကျောင်းသွားကျောင်းပြန် နောက်ကနေတကောက်ကောက်လိုက်ကာ စောလွန်းကိုချစ်ကြောင်းတွေပြောတတ်တဲ့မောင်...

ချစ်စေမောင်ဆိုတဲ့နာမည်ကများစီးလေသလားမသိပေမဲ့ မဖြစ်သင့်မှန်းသိသည့်ကြားက စောလွန်းမောင့်ကိုချစ်မိသွားတော့သည်။အခုတော့...မောင်ဘာလုပ်လုပ်ခွင့်လွှတ်ပေးနိုင်သည့်အဆင့်ကိုရောက်နေလေပြီ။သို့သော် တစ်ခုတော့အသိပေးချင်ပါရဲ့။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now