အပိုင်း(၃၃)

8.9K 867 120
                                    

"သော်က"

"သြော် ဆရာ"

လဲပြိုကျနေသည့်သစ်ပင်တစ်ခု၏ ပင်စည်ပေါ်ထိုင်နေသည့် သော်ကဘေးသို့ရာဇလည်းဝင်ထိုင်လိုက်သည်။

ခဏကြာသည်အထိ သူတို့နှစ်ယောက်ကြားတွင်တိတ်ဆိတ်နေသည်။ထို့နောက်မှတိတ်ဆိတ်မှုကိုရာဇ၏အမေးသံဖြင့်ဖြိုခွင်းလိုက်၏။

"အဆင်မပြေတာရှိသလား ငါ့တပည့်"

သော်ကကသက်ပြင်းချကာဖြေသည်။

"မသိဘူးဆရာ ကျွန်တော်အဆင်ပြေနေသလား အဆင်မပြေနေသလားတောင်မသိတော့ဘူး"

သော်က၏မျက်နှာတွင်စိတ်ရှုပ်ထွေးမှု၊နားမလည်နိုင်မှုများကအထင်းသား။

"ကိုယ့်အကြောင်းကိုကိုယ့်လောက်ဘယ်သူမှမသိပါဘူးကွာ သေချာစဥ်းစားကြည့်ပါဦး"

ရာဇပြောတော့ သော်ကတစ်ယောက်စဥ်းစားသလိုပုံစံမျိုးဖြင့်ခဏတိတ်သွားသည်။ခဏကြာမှ

"ကျွန်တော်လူသတ်ခဲ့တာလေ ဆရာ"

ရာဇဘာမှပြန်မပြောဘဲ သော်ကပြောလာမည်များကိုသာနားစွင့်နေလိုက်သည်။သူ့အနေနဲ့အားကိုးရသည့်တပည့်ကိုနှစ်သိမ့်ပေးဖို့လိုအပ်ပါသည်။ထို့ပြင်...သော်ကကယ်လို့သာ ရာဇအသက်ရှင်နေရတာမဟုတ်လား။

"အဲလိုလူသတ်ခဲ့တာတောင် စိတ်မသက်မသာဖြစ်တာတွေမရှိဘဲ စိတ်ပေါ့ပါးသွားသလိုခံစားနေရတယ် ဘယ်လိုပြောရမလဲ နှစ်အကြာကြီးကိုယ့်ကိုဒုက္ခပေးနေတဲ့ရောဂါတစ်ခုကိုရှင်းထုတ်လိုက်နိုင်တဲ့ခံစားချက်မျိုး"

နှစ်သိမ့်ပေးရမည်ဟုရာဇထင်ခဲ့သော်လည်း ထိုသို့မဟုတ်ခဲ့ဘူးပြန်။သော်ကကလူသတ်မိလို့စိတ်ညစ်နေတာမဟုတ် စိတ်ပေါ့ပါးနေတယ်ဆိုတော့ကာ...အင်း နည်းနည်းတော့စဥ်းစားစရာဖြစ်သွားပြီ။

"မင်း ဦးသိုက်ခမ်းနဲ့အရင်ကရန်ငြိုးတွေဘာတွေရှိလို့လား"

"ကျွန်တော်...ကျွန်တော်မသိဘူးဆရာ ဒါပေမဲ့ ဒီလူ့ကိုစတွေ့တုန်းကတော့ရင်းနှီးနေသလိုပဲ ကောင်းသောရင်းနှီးခြင်းမဟုတ်ဘဲ...ဘယ်လိုပြောရမလဲ ရန်သူနဲ့တွေ့လိုက်ရသလို ကျွန်တော့်သွေးတွေဆူပွက်လာတာ မဖြစ်နိုင်ဘူးမလား သူနဲ့ကျွန်တော်နဲ့ကသုံးခေါက်တောင်ပြည့်အောင်မတွေ့ဖူးတာကို"

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now