အပိုင်း(၃၁)

9.3K 1K 111
                                    

လမင်းကြီးကထိန်ထိန်သာနေပေမယ့် မျက်စိရှေ့ကအစောကချစ်စေမောင်မျက်လုံးထဲပို၍တောက်ပနေသည်။ချစ်မြတ်နိုးဖွယ်ကောင်းမှုကအရင်ကတိုင်းမပြောင်းမလဲဘဲ ရင်အေးစေတဲ့မျက်နှာလေးကလည်း ငေးကြည့်လို့မဝနိုင်ဘူး။

ဒီရက်ပိုင်းအတွင်းတော့အစေစိတ်တွေညစ်နေလောက်မယ်ထင်ထားခဲ့တာ။သို့သော် သူ့အတွေးတွေနဲ့ဆန့်ကျင်စွာအစောကပျော်ရွှင်နေပုံပါပဲ။မျက်နှာလေးတွေပိုပိုပြည့်လာပြီး အပြုံးတွေကလည်းကိုတောက်ပလာသလိုပင်။စိတ်ချမ်းသာနေတယ်ထင်ပါ့။သို့သော်...ထိုစိတ်ချမ်းသာမှုကကိုယ့်ကြောင့်မဟုတ်တာကတော့ ရင်နာစရာကောင်းလှသည်။

"အစော"

"ဟင်"

ခေါ်လိုက်တော့လည်းတိုးသဲ့သဲ့လေးပြန်ထူးလာသည်။သူနဲ့ကိုယ့်ကြားဘာကိစ္စဘာပြဿနာမှမဖြစ်ခဲ့သလိုပင်။

"မောင်တောင်းပန်ပါတယ်"

"ဘာအတွက်လဲ"

"အရာအားလုံးအတွက်"

"ဒါပေါ့ ကိုချစ်စေမောင်ကျွန်တော့်ကိုတောင်းပန်သင့်တာပေါ့"

စိမ်းကားရက်သူကရက်ပိုင်းလေးအတွင်းပြောင်းလဲသွားလိုက်တာများ။ဘယ်လိုအရာတွေနဲ့ကုစားလိုက်လို့အခုလိုအေးဆေးနေနိုင်ရတာလဲအစောရယ်...

ရင်ဘတ်ထဲအောင့်သက်သက်နဲ့ခံရခက်လာမှုကို အစောမျက်နှာလေးကိုငေးရင်းဖျေဖျောက်မိသည်။ဘာပဲဖြစ်ဖြစ်ပါ ချစ်စေမောင်ရဲ့ရည်ရွယ်ချက်ကအစောမုန်းမသွားဖို့ဖြစ်တာကြောင့် ရှင်းပြစရာရှိတာရှင်းပြရမည်သာ။

"အန်တီငွေခင်ကမောင့်ကိုခင်နှင်းနဲ့လက်ထပ်ပေးဖို့ငိုယိုပြီးတောင်းပန်လာခဲ့တယ်အစော"

‌စောလွန်းခေါင်းငြိမ့်ရုံသာပြန်တုန့်ပြန်ပြီးဆက်ပြောလာမည့်စကားများကိုနှုတ်ဆိတ်ကာ နားစွင့်နေမိသည်။စောလွန်းကိုယ်တိုင်လည်းတွေးမိပြီးသားပါ ရုတ်တရက်ကြီးသည်မင်္ဂလာပွဲဖြစ်သွားရတာ အကြောင်းရင်းတစ်ခုခုရှိလောက်မယ်ဆိုတာ။သို့ပေမယ့် ဘယ်လိုအကြောင်းမျိုးဖြစ်ပါစေ စောလွန်းရဲ့စိတ်ကိုပြောင်းလဲနိုင်တော့မှာတော့မဟုတ်ပေ။

"ဗိုလ်ရာဇနှင့်သူ၏ချစ်သက်လယ်" [Complete]Where stories live. Discover now